
နေပြည်တော် ဒီဇင်ဘာ ၂၅
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
အပြစ်မဲ့ပြည်သူလေးဦး
ဗုံးစထိမှန်ဒဏ်ရာများ ရရှိ
ယနေ့တွင်လည်း PDF အမည်ခံ အကြမ်းဖက်သမားများက ပဲခူးတိုင်းဒေသ ကြီး ကျောက်တံခါးမြို့နယ် ဘာဘူကုန်း ကျေးရွာအတွင်းသို့ ကျေးရွာ၏ မြောက် ဘက် သုံးမိုင်ခန့်အကွာ အမြင့် မီတာ ၅၀၀ ခန့်မှနေ၍ Drop Bomb ဖြင့် နှစ်ကြိမ် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူ အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ လေးဦး ဗုံးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိ ခဲ့သည့် အသက်(၆)နှစ်အရွယ် ကလေး ငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ လေးဦးတို့အား ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း၊ ထိုသို့ အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမား များ၏ ရက်စက်ယုတ်မာသောလုပ်ရပ် များအား ဒေသခံပြည်သူများအနေဖြင့် လက်မခံနိုင်ဘဲ ကန့်ကွက်ရှုတ်ချလျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်