
နေပြည်တော် စက်တင်ဘာ ၃၀
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကုသရေးဦးစီး ဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများကို ချီးမြှင့်ငွေနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ကျောက်တော် မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက် ထားသော အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျောက်တော်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ပြုလုပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အဖွဲ့များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများပြောကြားပြီး ကျန်းမာရေးဝန်ထမ်း များအတွက် ချီးမြှင့်ငွေကျပ် သိန်း ၂၀ ၊ ဆေးရုံကြီး၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် အလှူငွေကျပ်သိန်း ၁၀၀ နှင့် ကျန်းမာရေးအထောက် အကူပြုပစ္စည်းများကို ပေးအပ်ကြရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက် အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်းလျက်ရှိရာ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် Mr.Kiwi Aliwarga(CEO) UMG Co.,Ltd. က တစ်ရာ တစ်ဆယ့်ငါးသိန်းနှစ်သောင်းကျပ်တန်ဖိုးရှိ အဆုတ် အားဖြည့်ဆေး (Visudha Badhana Premium)များအား ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် သို့ လာရောက်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်