
ကျောက်တော် မေ ၁၅
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခေါင်းတုတ် ကျေးရွာခေါင်းတုတ် ဘုန်းတော်ကြီးကျောင်းတိုက်မှ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်ခြင်း ခံရတော်မူသော “မဟာသဒ္ဓမ္မ ဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသီလာစာရ ဆရာတော်အရှင်သူမြတ်အား ထပ်ဆင့်ချီးကျူးပူဇော်ပွဲအခမ်းအနားကို ယမန်နေ့က ကစ္ဆပနဒီခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားကို ဆရာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ဆက်လက်ပြီး ကသစ်တော ကျောင်းတိုက်မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသောဘန အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည် ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်က သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားတင်ပြပြီး မဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသီလာစာရ (ခေါင်းတုတ် ကျောင်းတိုက်)ဆရာတော်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်လှူဒါန်းသည့် ဘွဲ့တံဆိပ်တော်လက်မှတ်အား အမှတ်(၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်ကပ်လှူဒါန်းပြီး မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုလွှာအား ဆက်ကပ်လှူဒါန်း ပူဇော်ကြသည်။ ထို့နောက် တက်ရောက်လာသော မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ထပ်ဆင့်ချီးကျူး ဂုဏ်ပြုပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်လက်မှတ်လှူဒါန်းပွဲ(စူဠ ဘွဲ့နှင်းသဘင်) အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)