ကျောက်တော်မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာအဝင်လမ်း ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

 

စစ်တွေ   ဇန်နဝါရီ   ၂၂


နယ်စပ်ရေးရာ    ဝန်ကြီးဌာန နယ်စပ်ဒေသနှင့်    တိုင်းရင်းသား လူမျိုးများ   ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁ ခုနှစ် အောက်တို ဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ်တွင် နယ်စပ် ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ခွင့်ပြုရန်ပုံဖြင့်  ဆောင်ရွက်သည့် ကျောက်တော်မြို့နယ် ခေါင်းတုတ် ကျေးရွာ  အဝင်လမ်း ၁/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 


ခေါင်းတုတ်ကျေးရွာ အဝင် လမ်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၇၇ ဒသမ ၆၆၄ သန်း ဖြင့် ၁၂ ပေ အကျယ် ၁၂ လက်မ ထု        ကျောက်ချောလမ်းခင်း ခြင်း   ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်း        ဆောင်ရွက်နေမှုကို မြောက်ဦးခရိုင်  ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးနှင့်အဖွဲ့က  ဇန်နဝါရီ ၂၁ ရက်   မွန်းလွဲပိုင်းက  မြေပြင် ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်း များ အချိန်မီပြီးစီးရေးနှင့် ကြံ့ခိုင် မှု ကောင်းမွန်စေရေး ကွင်းဆင်း စစ်ဆေးသည်။ 

 


ခေါင်းတုတ်ကျေးရွာ   အဝင် လမ်းသည်    ရန်ကုန်-စစ်တွေ ပြည်ထောင်စု  ကားလမ်းမကြီးမှ ခေါင်းတုတ်ကျေးရွာသို့   ဆက် သွယ်ထားသည့် လမ်းအရှည် ၂/၄ မိုင်ရှိလမ်းပိုင်းဖြစ်ပြီး ၁/၄ မိုင်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်းအဖြစ် အဆင့်မြှင့် တင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကာ ကျန် ၁/၀ မိုင်အား ၁၂ ပေ အကျယ် ၁၂ လက်မထု ကျောက်ချောလမ်း ခင်းခြင်းဖြစ်သည်။

 


အဆိုပါလမ်း   ကျောက်ခင်း ခြင်း     လုပ်ငန်းဆောင်ရွက်ပြီးစီး ပါက ဒေသခံကျေးရွာ ခုနစ်ရွာ၊ လူဦးရေ ၁၅၉၄၄ ဦးတို့၏ ပညာ ရေး၊  ကျန်းမာရေး၊  စီးပွားရေး၊  လမ်းပန်းဆက်သွယ်ရေးစသည့် လူမှုစီးပွားဘဝများ      ဖွံ့ဖြိုး တိုးတက်ရေးအတွက်  အထောက် အကူပြုမည်ဖြစ်ပြီး ကျောက်တော် မြို့တွင်းသို့ ရာသီမရွေးသွားလာနိုင်တော့မည်ဖြစ်ကြောင်း   သိရ သည်။                          

ကိုထွန်း