
ကျောက်တော် စက်တင်ဘာ ၁၈
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် စခန်းများတွင် လာရောက် ခိုလှုံနေကြသော ဝါးတောင်ကျေးရွာ တိုက်ပွဲရှောင် စခန်းနှင့် ကန်စောက်ကျေးရွာ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက ကန်စောက် ကျေးရွာ အခြေခံပညာအထက် တန်းကျောင်းစုရပ်၌ ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။(
ကာကွယ်ဆေးထိုးနှံပေး
ထိုသို့ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွန့်၏ စီမံ ဆောင်ရွက်မှုဖြင့် မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီး မှူး ဒေါက်တာသိန်းထွန်းဦး ဦးဆောင်ကာ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တိုက်ပွဲရှောင် စခန်းမှ တာဝန်ခံများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များအား ထိုးနှံခြင်းဖြစ်ပြီး နေပူခံ တိုက်ပွဲရှောင်စခန်းမှ ပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ အဆိုပါ တိုက်ပွဲရှောင်စခန်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံသူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏများ တိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး ပုံမှန် အနေအထား ရောက်ရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ပြီး ဆေးထိုးနှံပေးပြီးနောက် မိနစ် ၃၀ ခန့် စောင့်ကြည့်ပြီးမှ ဆေး လာရောက်ထိုးနှံသူများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက် ကြောင်း သိရသည်။
ဆက်လက်ထိုးနှံပေး
ယနေ့တွင် ဝါးတောင်တိုက်ပွဲ ရှောင်စခန်းရှိ ပြည်သူ ၁၀၀ နှင့် ကန်စောက်ကျေးရွာ တိုက်ပွဲရှောင် စခန်းရှိ ပြည်သူ ၂၀၀ စုစုပေါင်း တိုက်ပွဲရှောင်ပြည်သူ ၃၀၀ အား တရုတ်နိုင်ငံထုတ်(Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း
(ပြန်/ဆက်)