ကျောက်တော်မြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာများကို တပ်မတော်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၁ ဦး သေဆုံးကာ  ခြောက်ဦး ထိခိုက်ဒဏ်ရာရဟု မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေ

 

ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာများကို တပ်မတော်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၁ ဦး သေဆုံးကာ 
ခြောက်ဦး ထိခိုက်ဒဏ်ရာရဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော် ဇန်နဝါရီ ၁၃ 
ရခိုင်ပြည်နယ်    ကျောက်တော် မြို့နယ်၊     မြောက်ဦးမြို့နယ်၊ မောင်တောမြို့နယ်၊   မင်းပြားမြို့ နယ်နှင့်  အမ်းမြို့နယ်တို့ရှိရပ်ကွက်၊ ကျေးရွာများကို  တပ်မတော်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့်  ပြည်သူ ၁၁  ဦး  သေဆုံးကာ   ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မဟုတ် မမှန်သတင်းများကို လူမှုကွန်ရက် ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိ ကြောင်း တွေ့ရှိရသည်။    
ဖြစ်စဉ်မှာ အဆိုပါမြို့များအနီး လုံခြုံရေးတာဝန်ထမ်းဆောင်နေ သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို AA သောင်းကျန်းသူများက အဝေး မှ လက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်း၊ Drop Bomb ချ တိုက်ခိုက် ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့ပစ်ခတ်သည့်   လက်နက် ကြီးကျည်များ၊ Drop Bomb  ဗုံး များသည်    ဒေသခံပြည်သူများ နေထိုင်ရာ မြို့ရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲမှုများ    ရှိခဲ့ ကြောင်း သိရသည်။
ထိုသို့ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်များ ဆုံးရှုံးထိခိုက် စေသည့်အကြမ်းဖက်သောင်းကျန်း သူများ၏ လုပ်ရပ်များကို ဖုံးကွယ် ပေးရန်နှင့်     တပ်မတော်အပေါ် ပြည်သူများမှ အထင်အမြင်လွဲမှား စေရန်အတွက်      အကြမ်းဖက် အားပေး ပြည်ဖျက်မီဒီယာများက သတင်းတု   သတင်းမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်း သာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်