
ပလက်ဝ ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် သို့ ရေနယားသင်္ဘောခရီးစဉ်ကို အပတ်စဉ်အင်္ဂါနေ့နှင့် သောကြာနေ့ များတွင် ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ အများပြည်သူ ခရီးသွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတို့အတွက် အဆင်ပြေချောမွေ့စွာ စတင် ပြေးဆွဲပေးလျက်ရှိသည်။
အဆိုပါ ရေနယားသင်္ဘောခရီးစဉ်ပြေးဆွဲခြင်းကို အခြေအနေ အမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရာ ပလက်ဝမြို့နယ်ရှိ အများပြည်သူများ ပလက်ဝဈေးဆိုင်များ၌ ကုန်ပစ္စည်းများ ပြတ်လုနီးပါးဖြစ်ခဲ့ရာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းဖြင့် စားဝတ်နေရေးအပြင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည်။
ယခုအခါ ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း ပြန်ဖွင့်လာပြီ ဖြစ်၍ သင်္ဘောခရီးစဉ်ကို တစ်ပတ်နှစ်ကြိမ် ပုံမှန်ပြေးဆွဲပေးသည့် အတွက် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် ခရီးသွားလာရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး၊ လူသုံးကုန်ပစ္စည်းများ၊ ကုန်စည်၊ ရိက္ခာများစျေး၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)