ကော့ကရိတ်မြို့နယ်၌ ၂၂ ဘီးယာဉ် ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးလောင်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၁


ကရင်ပြည်နယ်    ကော့ကရိတ် မြို့နယ်၌ ဖေဖော်ဝါရီ ၁၀ ရက်တွင်  မော်တော်ယာဉ်တစ်စီး     ဝိုင်ယာ ရှော့ခ်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွား ခဲ့သည်။

 


ဖြစ်စဉ်မှာ နံနက် ၁၀  နာရီ တွင် မင်္ဂလာတောင်ညွန့်မြို့နယ်မလွှကုန်းမီးရထားဝင်းနေ ဇွဲမင်း ဟိန်း(၂၅နှစ်)မောင်းနှင်ပြီး  ကုန် မျိုးစုံ တင်ဆောင်ထားသည့် 3G/xxxx ၂၂ ဘီးယာဉ်သည် မြဝတီ မြို့ဘက်မှ ကော့ကရိတ်မြို့ဘက် သို့  မြဝတီ-ကော့ကရိတ်အာရှ လမ်းအတိုင်း      ထွက်ခွာလာစဉ်   ကော့ကရိတ်မြို့နယ် နတ်စင်ကွေ့ အနီး ကီလိုမီတာ(၁၅၃-၁၅၄)ကြား အရောက်၌  ယာဉ်ဦးခေါင်းပိုင်းမှ ဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင် မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ ကော့ကရိတ်မြို့နယ်   ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ က မီးသတ်ယာဉ်နှစ်စီးဖြင့် သွား ရောက် ငြှိမ်းသတ်ရာ တစ်နာရီခန့် အကြာတွင်    မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့်        ယာဉ်နှင့် ကုန်ပစ္စည်းတန်ဖိုး     စုစုပေါင်း ငွေကျပ်သိန်း ၈၀၀ ခန့်  ပျက်စီး ဆုံးရှုံးခဲ့သောကြောင့် ဇွဲမင်းဟိန်း အား   ကော့ကရိတ်မြို့မ ရဲစခန်း က အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ 


ရဲပြန်ကြား