ကော့ကရိတ်မြို့နယ်အတွင်း ကော့ကရိတ် - မြဝတီသွား အာရှလမ်းသစ်ပေါ်တွင် ၁၀ ဘီးမော်တော်ယာဉ် တစ်စီးအား အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်၊ မီးရှို့ဖျက်ဆီး

 

နေပြည်တော်  ဩဂုတ်   ၂၀


ကရင်ပြည်နယ်    ကော့ကရိတ်မြို့နယ်   ရွာသစ်ကုန်းကျေးရွာ၏ အနောက်ဘက် မီတာ  ၁၀၀   ခန့်အကွာရှိ  ကော့ကရိတ်- မြဝတီသွား  အာရှလမ်းသစ်၌   ဩဂုတ် ၁၉ ရက်    ည   ၈  နာရီ ၁၅ မိနစ်ခန့်တွင်  အိမ်ဆောက်ကြွေပြားများ တင်ဆောင်ပြီး မြဝတီမြို့မှ မော်လမြိုင်မြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာ သည့် NISSAN အမျိုးအစား ၁၀ ဘီးမော်တော်ယာဉ် တစ်စီးအား  လမ်း ၏ တောင်ဘက် မီတာ ၂၀၀ ခန့်အကွာမှ KKO (ခွဲထွက်)အဖွဲ့နှင့်   PDF  အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ် များဖြင့် ပစ်ခတ်ရပ်တန့်စေပြီး မော်တော် ယာဉ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရ သည်။

 


အကြမ်းဖက်သမားများ၏ ပစ်ခတ်မှု ကြောင့်   ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး လက်နက်ငယ် ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး မော်တော်ယာဉ်မှာ မီးလောင်ပျက်စီးသွား ခဲ့ကြောင်း   သိရှိရသည်။

 


ဖြစ်စဉ်တွင်   ထိခိုက်ဒဏ်ရာ   ရရှိခဲ့ သည့် အမျိုးသားတစ်ဦးကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ ကော့ကရိတ်မြို့       ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး   အဆိုပါအကြမ်းဖက် အဖွဲ့များကို   လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံချေမှုန်း      တိုက်ခိုက်လျက် ရှိကြောင်းနှင့် လိုအပ်သည့် နယ်မြေလုံခြုံ ရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်