ကော့ကရိတ်မြို့ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီး

 

နေပြည်တော် ဒီဇင်ဘာ  ၂၇
ကရင်ပြည်နယ် ကော့ကရိတ်မြို့ အတွင်းရှိ နေအိမ်များအား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်း အဖွဲ့က မီးရှို့ဖျက်ဆီးသည့် အကြမ်း ဖက်လုပ်ရပ်များ    လုပ်ဆောင် လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက် ညနေ ၃ နာရီခွဲ ခန့်တွင် ကော့ကရိတ်မြို့ အမှတ် (၇)ရပ်ကွက်အတွင်းသို့     KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်း အဖွဲ့က ရောက်ရှိလာပြီး လူနေအိမ် များကို မီးရှို့ဖျက်ဆီးကာ အဆိုပါ ရပ်ကွက်၏    မြောက်ဘက်သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာသို့    လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း နှင့်  မီးလောင်မှုကြောင့် နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယနေ့ ညနေ ၄ နာရီခန့်တွင် လည်း KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား များ ပူးပေါင်းအဖွဲ့သည် အဆိုပါ ရပ်ကွက်အတွင်းရှိ လူနေအိမ်များ အား ထပ်မံမီးရှို့ဖျက်ဆီးသွားခဲ့ရာ နေအိမ် လေးလုံးမီးလောင် ပျက်စီး ခဲ့ကြောင်း သိရှိရသည်။
အလားတူ KKO(ခွဲထွက်)အဖွဲ့ နှင့် PDF  အမည်ခံအကြမ်းဖက် သမားများ ပူးပေါင်းအဖွဲ့အနေဖြင့် ဒီဇင်ဘာ ၂၆ ရက် နံနက် ၅ နာရီ ၄၅ မိနစ်တွင်လည်း ကော့ကရိတ် မြို့ အမှတ်(၅)ရပ်ကွက်အတွင်းရှိ နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ ပြီး ယင်းသတင်းအား ထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။
ယခုကဲ့သို့   အပြစ်မဲ့ပြည်သူ များအား   အိုးမဲ့အိမ်မဲ့ဖြစ်အောင် နေအိမ်များကို အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခဲ့သည့်   အကြမ်းဖက် သမားများအား   ဒေသခံပြည်သူ များမှ  ကန့်ကွက်ရှုတ်ချလျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက  လိုအပ်သည့်  လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။    
သတင်းစဉ်