ကျောက်ပန်းတောင်းမြို့နယ်ရှိ လူဦးရေ ၁၆၀၀၀၀ ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးစီး

 

ကျောက်ပန်းတောင်း ဇန်နဝါရီ  ၂၂


မန္တလေးတိုင်းဒေသကြီး ကျောက် ပန်းတောင်းမြို့နယ်         အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး    ထိုးပေးနိုင်မှု အခြေအနေ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းအထိ ၁၆၈၆၁၉ ဦး ထိုးနှံ ပေးခဲ့ပြီဖြစ်ကြောင်း   ညောင်ဦး ခရိုင်     ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 


ကျောက်ပန်းတောင်းမြို့နယ် အတွင်း   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေး     ထိုးပေးနိုင်ရန်  ကျောက်ပန်းတောင်းမြို့နယ်တွင် သတ်မှတ်စုရပ်နေရာဖြင့် ကိုဗစ် ကာကွယ်ဆေးများ   ထိုးနှံပေး လျက်ရှိရာ   ကျောက်ပန်းတောင်း မြို့နယ်တွင်       ပထမအကြိမ် Sinopharm    ကိုဗစ်ကာကွယ် ဆေးထိုးပေးနိုင်မှု ၉၅၁၉၁ ဦး၊ Sinopharm   ဒုတိယအကြိမ် ၆၃၃၂၇ဦး၊ Sinovac ပထမအကြိမ် ၅၂၉၄ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု ၄၃၄၅ ဦး၊Phase-6 Covisheld ပထမအကြိမ် ၄၆၂ ဦး ထိုးပေးနိုင်ပြီဖြစ်ရာ    စုစုပေါင်း ၁၆၈၆၁၉  ဦး  ထိုးပေးနိုင်ပြီဖြစ် ကြောင်း ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက်        ထိုးနှံပေးလျက်ရှိ ကြောင်း၊   ဝေးလံသည့်  ကျေးရွာ များသို့လည်း နယ်လှည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး  အဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ကျန်းမာရေးဦးစီး ဌာနမှ  သိရသည်။ 


မောင်မောင်ထိန်