ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေသည့် အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ

 

ကျောက်ဖြူ   စက်တင်ဘာ   ၈


ရခိုင်ပြည်နယ်     ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင်   ခိုလှုံနေကြသည့် အသက် ၆၅ နှစ် နှင့်   အထက်ရှိ    ပြည်သူများကို    ယနေ့ မွန်းလွဲ ၂ နာရီခွဲက ကျန်းမာ ရေးဌာနမှ     ဝန်ထမ်းများက အဆိုပါ        ခိုလှုံရာစခန်းသို့ သွားရောက်၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး    ဒုတိယအကြိမ် မြောက်    ဆက်လက်ထိုးနှံပေး လျက်ရှိသည်။


အဆိုပါ IDPsစခန်းသို့ ကိုဗစ်-၁၉  ရောဂါ    ကာကွယ်ဆေးထိုးနှံ ခြင်းများ      ဆောင်ရွက်ရာတွင် အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန မှ ဝန်ထမ်းများက ကာကွယ်ဆေး  လာရောက်   ထိုးနှံသူများအား စာရင်းမှတ်တမ်းရေးသွင်းကောက် ယူခြင်းများကို       ဆောင်ရွက်ပေးပြီး ကျောက်ဖြူမြို့နယ်     ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ  ဝန်ထမ်း များက  ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကိုယ်အပူချိန်တိုင်းတာပေး ခြင်း၊  သွေးပေါင်ချိန်တိုင်းတာပေး ခြင်းတို့ကို စနစ်တကျဆောင်ရွက် ပေးကာ   ပုံမှန်အခြေအနေရှိသူများ သာ ကာကွယ်ဆေးများကို    ထိုးနှံ ပေးသည်။ 


ကာကွယ်ဆေး  ထိုးနှံပေးနေမှု နှင့်   စပ်လျဉ်း၍   ကျောက်ဖြူမြို့      ကျောက်တစ်လုံး  IDPs စခန်းမှ    ဒုတိယအဖွဲ့ ခေါင်းဆောင်     ဦးကို ကိုအောင်က   “ဒီကျောက်တစ်လုံး  IDPs  စခန်းမှာ  ကိုဗစ်ကာကွယ် ဆေးကို   ပထမအကြိမ်အဖြစ် ၄-၈-၂၀၂၁  ရက်က    ၁၂   ဦးကို ထိုးပေးခဲ့ပါတယ်။    အခုလို အသက် ၆၅ နှစ်နှင့်အထက်ရှိသူ တွေကို       ကာကွယ်ဆေးထိုးပေး သလိုပဲ          နောက်ထပ်ဒီစခန်းမှာ ရှိတဲ့    အသက်    ၁၈ နှစ်အထက်ရှိ တဲ့    အကျုံးဝင်တဲ့သူတွေကိုလည်း  ထိုးနှံပေးစေချင်ပါတယ်။     ကူညီ လုပ်ကိုင်ပေးတဲ့ စေတနာ့ဝန်ထမ်း များကိုလည်း   ကျေးဇူးတင်ပါ တယ်။       ကျွန်တော့်အနေနဲ့         နိုင်ငံတော်အစိုးရကနေ ကျွန်တော် တို့ကို    ကိုဗစ်-၁၉ ရောဂါ     မဖြစ် အောင်    ဒီကာကွယ်ဆေးတွေကို       ထိုးပေးတဲ့အတွက်လည်း   နိုင်ငံ တော်  အကြီးအကဲတွေကို   အထူး ကျေးဇူးတင်ပါတယ်” ဟု ပြော သည်။ 


ဆက်လက်ပြီး        ကျောက် တစ်လုံး IDPs  စခန်းရှိ     ဆေးထိုး စုရပ်တွင်     စေတနာ့ဝန်ထမ်းများ အဖြစ်   ဝင်ရောက်လုပ်ကိုင်နေ သည့်      မယမင်းသူကလည်း “ဒီစခန်းမှာ  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး လာထိုးတဲ့သူတွေ ကို  ကူညီဆောင်ရွက်ပေးနေတာ     ဖြစ်ပါတယ်။     ပထမအကြိမ် ကာကွယ်ဆေးထိုးစဉ်က  မူးဝေ ဖျားနာခြင်းမရှိပါဘူး။      ဒုတိယ အကြိမ် မြောက်     ကာကွယ်ဆေးကို  ထိုးပြီးသွားပြီ   ဖြစ်ပါတယ်။ IDPs စခန်းကို    လာရောက်ဆေးထိုး ပေးတဲ့     ကျန်းမာရေးဌာနက   ဝန်ထမ်းတွေနဲ့     ကာကွယ်ဆေး ထိုးဖို့ချမှတ်ပေးတဲ့        နိုင်ငံတော် က   အကြီးအကဲတွေကိုလည်း  ကျေးဇူးအထူး တင်ရှိပါတယ်”ဟု ပြောသည်။ 


အဆိုပါ   ခိုလှုံရာစခန်းနေ ပြည်သူများ  ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေး ပထမအကြိမ်တွင်  ပြည်သူစုစုပေါင်း ၂၄   ဦးအား ထိုးနှံပေးထားခဲ့ပြီး      ဖြစ်ကာ ဒုတိယ          အကြိမ်အဖြစ်   စက်တင်ဘာ ၂ ရက်တွင် ၁၂ ဦးနှင့် စက်တင်ဘာ   ၈ ရက်တွင် ကိုးဦး တို့အား  ဆက်လက်ထိုးနှံပေးခဲ့ ကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ    တာဝန်ရှိသူ   တစ်ဦးထံက   သိရသည်။


ဇူလိုင်ကြယ်
(ပြန်/ဆက်)