ကျောက်ဖြူမြို့နယ် ကျောက်တလုံး ကယ်ဆယ်ရေး စခန်းမှ မွတ်စလင်အမျိုးသား ၁၀၇ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း ကောလာဟလ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၈ 
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်တလုံး     ကယ်ဆယ်ရေး စခန်းမှ   အသက်  ၁၈  နှစ်နှင့် ၃၅ နှစ်ကြား    မွတ်စလင်အမျိုးသား ၁၀၇ ဦးကို  ဖေဖော်ဝါရီ ၂၇ ရက် က       လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း    ကောလာ ဟလ         သတင်းအမှားများကို ပြည်သူများ    အထင်အမြင်လွဲမှားစေ ရန်အတွက် တရားမဝင်ပြည်ဖျက် မီဒီယာ   Khit Thit  က    လူမှု ကွန်ရက်ပေါ်တွင်    လုပ်ကြံဝါဒ ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက် ၍ ကျောက်ဖြူမြို့နယ်မှ  လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ         ကျောက်တလုံး ကယ်ဆယ်ရေးစခန်းမှ    အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား မွတ်စလင် အမျိုးသား ၁၀၇ ဦးကို    ဖမ်းဆီး ထားသည်ဆိုသည့်        သတင်းမှာ မှန်ကန်မှုမရှိသည့် ကောလာဟလ သတင်းအမှားများဖြစ်ပြီး ၎င်းတို့ကို ဖမ်းဆီးထားခြင်း     မရှိကြောင်း သိရှိရသည်။
AA    သောင်းကျန်းသူများ အနေဖြင့်     မွတ်စလင်ကျေးရွာ များကို  တပ်မတော်နှင့်  ပူးပေါင်း ခြင်းမရှိရန်၊   ၎င်းတို့ထံပါဝင်ရန် ခြိမ်းခြောက်     ပြောဆိုလျက်ရှိပြီး ကျေးရွာအချို့ကို     ဒလန်ဟုစွပ်စွဲ ၍    မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် တပ်မတော်မှ  မွတ်စလင်  လူမှု ကူညီရေးအသင်းများနှင့် ပူးပေါင်း ပြီး     ပြန်လည်ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို   ဆောင်ရွက် လျက်ရှိသည့်အတွက်  တရားမဝင် ပြည်ဖျက်မီဒီယာများက မွတ်စလင် များကို တပ်မတော်မှ   စစ်သား စုဆောင်းနေကြောင်း   ကောလာ ဟလ      သတင်းအမှားများဖြင့် ရည်ရွယ်ချက်ရှိရှိ          လှုံ့ဆော်ဝါဒ ဖြန့်ဝေနေခြင်းသာ    ဖြစ်ကြောင်း သတင်းရရှိသည်။  
 သတင်းစဉ်