ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP Camp တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်ကြည့်ရှုစစ်‌ဆေး

နေပြည်တော် မတ် ၅ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းတွင် ယာယီနေထိုင်လျက်ရှိ သည့် ဘင်္ဂါလီလူမျိုးအိမ်ထောင်စုဝင် မိသားစုများ ပြန်လည်နေရာချထားရန်အတွက် ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(စစ်တွေ) လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကျောက်ဖြူမြို့ ကျောက်တစ်လုံး IDP Camp တန်ဖိုး နည်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေး သည်။ ဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောက်တစ်လုံး IDP Camp တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားကြောင်း သိရသည်။ သတင်းစဉ်