ကျောက်ဖြူမြို့၌ သီတင်းကျွတ်လပြည့်နေ့စတုဒိသာများလှူဒါန်း

 

ကျောက်ဖြူ   အောက်တိုဘာ ၂၀


၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာနေ့တွင်    ကျောက်ဖြူ  မြို့ပေါ်ရပ်ကွက်များ၌  ညနေ ၃ နာရီခန့်မှစ၍ စတုဒိသာ ကျွေးမွေး လှူဒါန်းသည့်       အလှူများဖြင့်    စည်ကားလျက်ရှိသည်။

 


“ကျွန်တော်တို့   မိသားစုက သီတင်းကျွတ် လပြည့်နေ့ဆိုရင် နှစ်စဉ်နှစ်တိုင်း ရခိုင်မုန့်တီ အာပူ လျှာပူချက်ပြုတ်ပြီးတော့  လမ်း သွား      လမ်းလာ   ပြည်သူတွေ၊ ရပ်ကွက်နေပြည်လူတွေနဲ့ အငှား ယာဉ်မောင်းနှင်    နေသူတွေကို စတုဒိသာ  လှူဒါန်းဖြစ်ပါတယ်။ သူတို့ဆီက ပြန်ပြီးတော့  ဆုပေး စကားသံတွေ   ကြားရတာနဲ့ကို ပီတိဖြစ်ရပါတယ်။    နောင်နှစ် တွေမှာလည်း        ဆက်လက် လှူဒါန်းသွားပါဦးမယ်”ဟု  ရခိုင်  မုန့်တီ  အာပူလျှာပူ   စတုဒိသာ လှူဒါန်းသည့်  ရခိုင်ပိုက်ဆိပ်နေ PPA အလုပ်ရုံပိုင်ရှင် ဦးပြည့်ဖြိုး အောင်က ပြောသည်။ 

 


ကျောက်ဖြူမြို့တွင် မြို့ပေါ် ရပ်ကွက်များဖြစ်သည့် ရခိုင်ပိုက် ဆိပ်ရပ်ကွက်၊    သန်ပန်ချောင်း ရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အစိုးရရပ်ကွက်၊     အရှေ့ပိုင်း ရပ်ကွက်   စသည့်ရပ်ကွက်အချို့ တွင်လည်း  ရခိုင်မုန့်တီ   အာပူ လျှာပူ၊ ကြာဆံဟင်းခါး၊ မုန့်ဟင်း ခါး၊ အအေးနှင့်အချိုရည်များကို ရပ်ကွက်နေပြည်သူများ၊   လူပျို အပျိုအဖွဲ့များနှင့်     လုပ်ငန်းရှင် များက         တစ်ဦးချင်းသော် လည်းကောင်း၊       အသင်းအဖွဲ့ များနှင့်သော်            လည်းကောင်း စတုဒိသာ    စုပေါင်း     လှူဒါန်း ကျွေးမွေးလျက်ရှိရာ လာရောက် စားသုံးသူများဖြင့်             စည်ကား လျက်ရှိကြောင်း သိရသည်။ 


တင်ထွန်းဦး (ပြန်/ဆက်)