
နေပြည်တော် ဇူလိုင် ၂၇
ဇူလိုင် ၂၇ ရက် မြန်မာစံတော်ချိန် ၅ နာရီ ၀၀ မိနစ် ၄၄ စက္ကန့် တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၆၅ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (ကျောက်ဖြူမြို့၏ အရှေ့ - အရှေ့မြောက် ဘက် ၄ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၄၄ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၃ ဒသမ ၆၁ ဒီဂရီ၊ အနက် ၁၇ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်ျ)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်လှုပ်ခဲ့ကြောင်း တိုင်းထွာရရှိသည်။
မိုး/ဇလ