ကျောက်ဖြူမြို့ ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်ပြီးစီးပါက ပြည်တွင်းပြည်ပမှရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိလာမည်

 

ကျောက်ဖြူ   ဖေဖော်ဝါရီ   ၂             ရခိုင်ပြည်နယ်   စီးပွားရေးရာဝန်ကြီးဦးစံရွှေမောင် နှင့်    ဌာနဆိုင်ရာတာဝန်ရှိသူများသည်   ဖေဖော်ဝါရီ  ၁  ရက်က ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမ၌ ဖွင့်လှစ် ပြသထား သည့် MSME   ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲ ဖွင့်ပွဲ အခမ်းအနားသို့   တက်ရောက်ပြီး    အခမ်းအနား ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ   ဒေသတွင်း MSME လုပ်ငန်းရှင်များနှင့်     အစိုးရအဖွဲ့ရိပ်သာခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ထို့နောက်   ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် MSME ထုတ်ကုန် ပြပွဲနှင့် ရောင်းချပွဲဖွင့်ပွဲအခမ်းအနားတွင်   ဆန်စက် လုပ်ငန်း၊ ဆီစက်လုပ်ငန်း၊  ပါပရာ(ငါးမုန့်) လုပ်ငန်း၊ ငါး/ပုစွန်/ ကနုကမာ/  ကဏန်း/   ကဏန်းပျော့ ရောင်းဝယ်ရေးလုပ်ငန်း၊ ငှက်သိုက်လုပ်ငန်း၊ ဓနိဖူး နှင့် ဆက်စပ်ပစ္စည်းထုတ်ကုန်လုပ်ငန်း၊ နေလှန်းဆား လုပ်ငန်း၊ အိုင်အိုဒင်းဆားလုပ်ငန်း၊ ငါးခြောက်/ ပုစွန် ခြောက်   ရေထွက်ပစ္စည်းအမျိုးမျိုး  ရောင်းဝယ်ရေး လုပ်ငန်း၊ သောက်ရေသန့်လုပ်ငန်းစသည့် MSME လုပ်ငန်း ၂၂ ခုတို့မှ ခင်းကျင်းပြသထားသည့် ဆိုင်ခန်း များကို လှည့်လည်ကြည့်ရှုပြီး(အပေါ်ပုံ)   လုပ်ငန်းရှင် များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
ယင်းနောက်  ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များသည်  နံနက် ၁၀ နာရီတွင်   အစိုးရ အဖွဲ့ရိပ်သာခန်းမ၌    MSME   လုပ်ငန်းရှင်များနှင့်     တွေ့ဆုံပွဲအခမ်းအနားကို    ဆက်လက်ကျင်းပရာ   ပြည်နယ်စီးပွားရေးရာဝန်ကြီးက နိုင်ငံတစ်နိုင်ငံတွင်      ပြည်တွင်းထုတ်ကုန်ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်မှသာ     နိုင်ငံတိုးတက်မည်ဖြစ်သဖြင့်  သဘာဝသယံဇာတ များမှ ထုတ်လုပ်သော ထုတ်ကုန်အသီးသီး၏ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း     အလွန်အရေး ကြီးကြောင်း၊    ကျောက်ဖြူ မြို့နယ်သည်    ပင်လယ် ကမ်းရိုးတန်းဒေသဖြစ်ပြီး ပထဝီအနေအထားအရ    အလွန်ကောင်းမွန်သဖြင့် ငှက်သိုက်လုပ်ငန်း၊ ကနု ကမာလုပ်ငန်း၊  ငါး/ပုစွန် မွေးမြူရေးလုပ်ငန်း အစ ရှိသည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုသည် ဒေသအတွက်အလွန်အရေးကြီးကြောင်း၊ ကျောက်ဖြူ  မြို့ ရေနက်ဆိပ်ကမ်းစီမံကိန်း ဆောင်ရွက်ပြီးစီးပါက ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိလာ မည်ဖြစ်သဖြင့် MSME ကဏ္ဍများ  ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် ကြိုးစား လုပ်ဆောင်ကြစေလိုကြောင်း၊ နိုင်ငံတော်မှ ချေးငွေ များ    ပေးအပ်လာပါက     မိမိတို့၏လုပ်ငန်းများ တွင် အမှန်တကယ်ရင်းနှီးမြှုပ်နှံပြီး  ချေးငွေများကို     ပြန်လည်ပေးအပ်ကာ အကျေပေးဆပ်စေချင်ကြောင်း    စသည့် MSME လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း  ပြောကြားပြီး ရေလုပ်ငန်းရှင်များ၊   ဆီစက်လုပ်ငန်းရှင် များနှင့် ဆန်စက်လုပ်ငန်းရှင်များက   မိမိတို့လုပ်ငန်း များတွင်   လိုအပ်နေသည့်  နည်းပညာအခက်အခဲ၊    စက်ပစ္စည်းများနှင့် အရင်းအနှီးများကိုတင်ပြဆွေးနွေး  ကြကာ ပြည်နယ်ဝန်ကြီးက ဆွေးနွေးချက်များအပေါ် ညှိနှိုင်းပေးခဲ့ပြီး  ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက်    ဝိုင်းဝန်းကြိုးစား   ဆောင်ရွက်ကြရန်   ပြောကြားသည်။            တင်ထွန်းဦး၊ ဖြိုးဝေလင်း