ကျောက်ဖြူမြို့ ပင်လယ်ကမ်းစပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စက်ပျက်မျောပါလာသည့် ရေမျောကမ်းတင်စက်လှေတစ်စင်းရောက်ရှိ

 

ကျောက်ဖြူ   ဖေဖော်ဝါရီ   ၂ 


ရခိုင်ပြည်နယ်  ကျောက်ဖြူမြို့ စေတီယျရပ်ကွက်  NRC အအေးခန်းစက်ရုံကြီးအနီး  ပင်လယ်ကမ်းစပ် တွင်    စက်လှေတစ်စင်း ရေမျောကမ်းတင်နေကြောင်း သတင်းအရ  ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူ များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါစက်လှေမှာ ဘင်္ဂလားဒေရှ့်နိုင်ငံမှ စက်ပျက်၍  မျောပါလာသည့် ငါးဖမ်းစက်လှေဖြစ်ကြောင်း သိရသည်။ 

 


အဆိုပါ ငါးဖမ်းစက်လှေသည် ဘင်္ဂလားဒေရှ့်နိုင်ငံ တက္ကနက်မြို့ မှဖြစ်ပြီး ဇန်နဝါရီ ၂၅  ရက်က ပင်လယ် ပြင်သို့    စတင်ငါးဖမ်းထွက်ခဲ့ရာ ဇန်နဝါရီ ၂၆  ရက် တွင် စက်ချို့ယွင်းမှုဖြစ်ပေါ်၍    ရေစီးနှင့်အတူ မျောပါ ရောက်ရှိလာခြင်းဖြစ်ကာ စက်လှေပေါ်တွင်  အမျိုး သား ခြောက်ဦးနှင့်    ငါးဖမ်းပိုက်များ၊ ဆီဘူးများနှင့်  ချွတ်ယွင်းနေသောစက်ကို တွေ့ရှိခဲ့သည်။ 

 


ထိုသို့ စက်ပျက်ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေသားခြောက်ဦးအား ကျန်းမာရေးဌာန မှ    တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ လှေသားခြောက်ဦးလုံးတွင် ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။ ယင်းအပြင် အဆိုပါ လှေသားခြောက်ဦးအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးခဲ့ ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး   ဝန်ထမ်းများနှင့်   မြို့နယ် ရဲတပ်ဖွဲ့တို့မှ လုံခြုံရေးနှင့် လိုအပ်ချက်များကို  စစ်ဆေးဆောင်ရွက်ကာ စားသောက်ရေးများ  စီစဉ် ဆောင်ရွက်ပေးခြင်း၊   ချွတ်ယွင်းနေသောစက်ကို ပြန်လည်ပြုပြင်နိုင်ရေး          စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။  


တင်ထွန်းဦး၊ ဖြိုးဝေလင်း