ကျောက်ဖြူမြို့ ကျောက်တစ်လုံး IDPs စခန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

 

ကျောက်ဖြူ  အောက်တိုဘာ  ၁၆


ရခိုင်ပြည်နယ်    ကျောက်ဖြူမြို့  ကျောက်တစ်လုံး IDPs စခန်း၌ ခိုလှုံနေကြသည့် အသက် ၁၈ နှစ် အထက်ရှိသည့်    ဆေးထိုးရန် အကျုံးဝင်သူများကို ကျန်းမာရေး ဌာနမှ   ဝန်ထမ်းများက   ယမန်နေ့ မွန်းလွဲ  ၂  နာရီခွဲတွင်     အဆိုပါ ခိုလှုံရာစခန်းသို့  သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အား     ဒုတိယအကြိမ်မြောက် ဆက်လက်ထိုးနှံပေးသည်။

 


အဆိုပါ     IDPs   စခန်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ     ဝန်ထမ်းများက     ကာကွယ် ဆေး   လာရောက်ထိုးနှံသူများ  အား စာရင်းမှတ်တမ်း  ရေးသွင်း ကောက်ယူခြင်း၊    ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများက  နှာခေါင်းစည်း များ အခမဲ့ဝေငှပေးခြင်း၊ လက်သန့် ဆေးရည်များဖြင့် လက်ဆေးစေ ခြင်းများကို  ဆောင်ရွက်ပေးပြီး ၎င်း IDPs Camp မှ    စေတနာ့ ဝန်ထမ်းများက လိုအပ်သည်များ ကို ကူညီဆောင်ရွက်ပေးသည်။ ယင်းနောက် ကျောက်ဖြူမြို့နယ်    ပြည်သူ့ကျန်းမာရေး  ဦးစီးဌာနမှ  ဝန်ထမ်းများက   ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ   ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်     တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးကာ ပုံမှန်အခြေ အနေရှိသူများကိုသာ  ကာကွယ် ဆေးများ ထိုးနှံပေးသည်။ 

 


ထိုသို့ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်      ဗိုလ်မှူးတင်အောင် ကျော်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက  ကြည့်ရှုပြီး အားပေးစကားများ   ပြောကြား သည်။

 


အဆိုပါ   ခိုလှုံရာစခန်းတွင် အသက်  ၆၅ နှစ်အထက်ရှိသူများ အား          ကိုဗစ်-၁၉      ရောဂါ ကာကွယ်ဆေးကို  သတ်မှတ်နေ့ ရက်များအလိုက် ထိုးနှံပေးထားပြီး ဖြစ်သည်။   အလားတူ  အသက် ၁၈ နှစ်အထက်ရှိ ကာကွယ်ဆေး ထိုးရန်      အကျုံးဝင်သူများကို စက်တင်ဘာ ၁၇ ရက်က   ပထမ အကြိမ်   ထိုးနှံပေးရာတွင်   ယင်း စခန်း၌     နေထိုင်သူ ၃၃၄ ဦးအား   ထိုးနှံပေးထားပြီးဖြစ်ကာ    ယခု အခါတွင်   ဒုတိယအကြိမ်မြောက် ပြန်လည်ထိုးနှံပေးခြင်း      ဖြစ် ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာ ရေး  ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ထံမှ   သိရသည်။ 


တင်ထွန်းဦး(ပြန်/ဆက်)