ကျောက်မဲ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲကျင်းပ

 

သီပေါ  ဖေဖော်ဝါရီ   ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)      ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်   အရန်မီးသတ်တပ်ဖွဲ့ဝင်များ    လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန လေ့ကျင့်ရေးကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ  ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနမှူး   ဦးမြင့်ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ရွှေတို့က သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပို့ချခဲ့သော မီးသတ်ပညာရပ်များကို ဆက်လက် ဆည်းပူးလေ့လာကြရန်၊ မီးသတ်တပ်ဖွဲ့ဆိုင်ရာ စွမ်းရည်မြင့်မားရေး အတွက် လိုအပ်သော လေ့ကျင့်မှုကို အစဉ်အမြဲလေ့ကျင့်ရန်၊ ပြည်သူများ ယုံကြည်အားထားသော    တပ်ဖွဲ့ဝင်များအဖြစ်   ရေရှည်တည်တံ့ရေး ကြိုးပမ်းကြရန်နှင့် မိမိတို့အား ပေးအပ်ထားသော ၂၀၁၅ ခုနှစ် မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့နည်းဥပဒေများကို ကောင်းစွာသိရှိခံယူပြီး ပြည်သူ များ    ယုံကြည်အားထားရသော    မီးသတ်တပ်ဖွဲ့ဝင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားကြသည်။
ထို့နောက် သင်တန်းသားများက ရှာဖွေကယ်ဆယ်ရေးနည်းလမ်း များ၊ မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသကြပြီး သင်တန်း ထူးချွန်ဆုနှင့်  သင်တန်းဆင်းလက်မှတ်များကို   ခရိုင်မီးသတ်ဦးစီး ဌာနမှူး    ဦးမြင့်ဦး၊    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးစိုးညွန့်ရွှေ နှင့်  တာဝန်ရှိသူများက  တစ်ဦးချင်း  ချီးမြှင့်ပေးအပ်ကြောင်း  သိရ သည်။ (ယာပုံ)
စိုင်း(သီပေါ)