
လားရှိုး စက်တင်ဘာ ၂၆
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းသည် စက်တင်ဘာ ၂၄ ရက်တွင် ကျောက်မဲမြို့ပေါ်၌ Clean & Green Cities ရန်ပုံငွေများ ဖြင့် ဆောင်ရွက်နေသည့် ကတ္တ ရာ လမ်းခင်းခြင်း၊ ရေမြောင်းတူးဖော် ခြင်း၊ ပလက်ဖောင်းတည်ဆောက် ခြင်းနှင့် မြို့အဝင်မုခ်ဦး
တည်ဆောက်ခြင်း လုပ်ငန်းများ ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် မြို့နယ်
စည်ပင်သာယာရေးဌာန အမှု ဆောင်အရာရှိ ဦးစိုးနိုင်ဦးတို့ က Clean & Green Cities ရန်ပုံ ငွေကျပ်သန်း ၄၈၀ ဖြင့် စဝ်စံထွန်း လမ်း အရှည် ၁၈၉၂ ပေရှိ ရေမြောင်းနှင့် ပလက်ဖောင်း ပြုလုပ်ခြင်း၊ စဝ်စံထွန်းလမ်း အရှည် ၂၈၄ ပေ၊ အကျယ် ပေ ၄၀ ရှိ ကတ္တရာလမ်းခင်းခြင်း၊ မြို့အဝင် မုခ်ဦးတည်ဆောက် ခြင်း၊ အောင်ဆန်းလမ်း အရှည် ပေ ၃၅၀၀ ရှိ ကွန်ကရစ်ရေမြောင်းပြုလုပ်ခြင်း လုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
ရှင်းလင်းပြောကြား
ယင်းနောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်သည် နောင်ချိုမြို့ တွင် ဆောင်ရွက်လျက်ရှိသော မန္တလေး - လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေ မြောင်းများ ရေစီးရေလာ ကောင်း မွန်စေရေး ရေနုတ်မြောင်း တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေး ရာ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေ က လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နောင်ချိုမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ရုံးရှေ့တွင် ဆောင်ရွက်လျက်ရှိသော မြို့ဥပဓိ ရုပ်ကောင်းမွန်စေရေး၊ လျှပ်စစ် ဓာတ်အားကြိုးများနှင့် မလွတ် ကင်းသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်း များကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)