
နေပြည်တော် စက်တင်ဘာ ၂၆
မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ်တို့တွင် ငွေကျပ်သိန်း ၂၃၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သိမ်းဆည်းရမိ
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စက်တင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီ လိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြို့ရှောင်လမ်း၌ သတင်းအရ အားဖာ မော်တော်ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် ဒေသ ကာလတန်ဖိုး ငွေကျပ် သိန်း ၈၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈၀၀၀ သိမ်းဆည်း ရမိခဲ့ သည်။ အလားတူ ည ၈ နာရီခွဲခန့် တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကင်းကျေး ရွာအနီးတွင် မြတ်သူရ(ခ)မတ်စအွတ် မောင်းနှင်လာသည့် Toyota Crown မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသ ကာလတန်ဖိုး ငွေကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်အရ ည ၉ နာရီတွင် ကင်းကျေးရွာအနီး ဇော်ဂျီ မြစ်ကမ်းရေချိုးဆိပ်တွင် မူးယစ် ဆေးဝါး သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ စိုင်းဆိုင်လင်း အား ဆိုင်ကယ်တစ်စီးနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူ များအား ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်