ကျောက်ဆည်မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့တွင် ငွေကျပ် တစ်ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်   ဇန်နဝါရီ   ၂ 


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့နယ်နှင့်  အောင်မြေသာစံမြို့နယ်တို့တွင်                 ငွေကျပ် တစ်ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ     သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ဖမ်းဆီးရမိ


ဖြစ်စဉ်မှာ      မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် ည ၉ နာရီခွဲတွင် သတင်းအရ ကျောက်ဆည်မြို့နယ် ရဲရွာအနီး   ကားလမ်းဘေးတွင်  AD  Van မော်တော်ယာဉ်မောင်းနှင်သူ ကျော်ဇင်လင်း ကို ၎င်းသယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၅၅၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၂၂  ကီလိုနှင့်အတူ  တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ  ဘိန်းဖြူ များကို  ပြင်ဦးလွင်မြို့နယ်မှ  ပြည်ကြီးတံခွန် မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း။ 
စစ်ဆေးဖော်ထုတ်


အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဒီဇင်ဘာ ၃၁ ရက် နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ် ၂၁ လမ်း၊ ၈၆ x ၈၇ လမ်းကြားတွင် နေမျိုးအောင် ကို Foton  ခြောက်ဘီး ယာဉ်တစ်စီးနှင့် လည်း ကောင်း၊ မင်းမင်းဦးကို ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း    တွေ့ရှိသဖြင့်   ရှာဖွေရာ ယာဉ်ပေါ်မှ   ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၆၉ ကီလို၊ ဘိန်း ၈ ဒသမ ၅ ကီလို သိမ်းဆည်းရမိ ခဲ့ကြောင်း၊  စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ      မူးယစ်ဆေးဝါးများအား    ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စစ်ကိုင်းတိုင်း ဒေသကြီးသို့  သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့်  ၎င်းတို့ကို ဥပဒေအရ အရေးယူ ထားရှိပြီး    ကွင်းဆက်ပြစ်မှုကျူးလွန်သူများ အား   ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။                

  သတင်းစဉ်