
ကျောက်ဆည် ဩဂုတ် ၂၅
မန္တလေး တိုင်းဒေသကြီး ကျောက်ဆည် မြို့နယ်တွင် အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွား ၁၁၄၉ ဦးအား နိုင်ငံတော်မှတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ပေးအပ် လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကလိုင်ကျော်ကျေးရွာ၊ စင်းကွန်း ကျေးရွာ၊ ပတ္တာကျေးရွာနှင့် ဆူလေကုန်း ကျေးရွာများမှ သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ပေးအပ်သည်။
အဆိုပါ ထောက်ပံ့ငွေများကို နိုင်ငံတော်မှ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ၊ ဒုတိယ သုံးလပတ်အတွက် အသက် ၈၅ နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပြီး ကျောက်ဆည် မြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု ၉၇ အုပ်စုမှ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၁၄၉ ဦးအား စုစုပေါင်း ထောက်ပံ့ ငွေကျပ် ၃၄၄ သိန်း ခုနစ်သောင်းကို ထောက်ပံ့ ပေးအပ်လျက်ရှိ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည် မြို့နယ်တွင် အသက် ၈၅ နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား ကလိုင်ကျော်ကျေးရွာမှ သက်ကြီး ဘိုးဘွား ၁၈ ဦး၊ စင်းကွင်းကျေးရွာ မှ သက်ကြီးဘိုးဘွား ၂၅ ဦး၊ ပတ္တာ ကျေးရွာမှ သက်ကြီးဘိုးဘွား ၂၇ ဦးနှင့် ဆူးလေကုန်းကျေးရွာမှ သက်ကြီးဘိုးဘွား ၃၃ ဦးအား စုစုပေါင်း ထောက်ပံ့ငွေကျပ် ၃၀၉၀၀၀၀ ကို ကလိုင်ကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်၊ စင်းကွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ပတ္တာကျေးရွာ အုပ်ချုပ်ရေးမှူး မောင်တိုး၊ ဆူးလေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းထွန်းဦး နှင့် ဝန်ထမ်းများက ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
တင်တင်ထွေး