
ကျောက်ဆည် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် တွင် အောက်ဆီဂျင် လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြက်မင်းတွန် ရပ်ကွက် ရွှေစေတီကျောင်းတိုက်အတွင်း ဆရာတော်ဘဒ္ဒန္တပညာသာမိ ဦးဆောင်မှုဖြင့် စေတနာရှင် အလှူရှင်များ၏ ထည့်ဝင်ငွေများ ဖြင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ အောက်ဆီ ဂျင်များ စတင်ထုတ်လုပ် ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါအောက်ဆီဂျင်စက်ကို အလှူရှင် များ၏ စုပေါင်းလှူဒါန်းငွေများဖြင့် ဆောက် လုပ်ခြင်းဖြစ်ပြီး အကျယ်အဝန်းမှာ ရုံးခန်း အပါအဝင် အလျားပေ ၈၀ ၊ အနံ ၂၅ ပေ၊ အမြင့် ၁၃ ပေရှိကာ စက်နှင့် စက်ရုံအတွက် ငွေကျပ်သိန်း ၂၀၀၀ ကျော် ကုန်ကျခဲ့ကြောင်း နှင့် ယခုအခါ အောက်ဆီဂျင်စက်ရုံမှ နေ့စဉ် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးအလုံး ၆၀ ထုတ်လုပ်ဖြန့်ဝေလျက်ရှိကြောင်း၊ အောက်ဆီ ဂျင် လိုအပ်မှုများလာပါက တစ်နေ့လျှင် အိုးပေါင်း ၁၆၀ အထိတိုး၍ ထုတ်လုပ်ဖြန့်ဝေ မည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံဖြစ် မြောက်ရေးကော်မတီဝင်တစ်ဦးက ပြောပြ သည်။
ကျောက်ဆည်မြို့ အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိလာသော အောက်ဆီဂျင်များကို အထွေ ထွေရောဂါကုပြည်သူ့ဆေးရုံကြီးနှင့် လူမှုရေး အသင်းအဖွဲ့များအား ဦးစားပေး ဖြန့်ဝေပေး လျက်ရှိပြီး စက်ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် အထွေထွေအသုံးစရိတ်အတွက် ရန်ပုံငွေ လျော့နည်းမှုမရှိစေရန် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးအကြီးတစ်လုံးလျှင် ငွေကျပ် ၄၀၀၀ ကောက်ခံမည်ဖြစ်ကြောင်းနှင့် လီတာ ၄၀ အောက် အောက်ဆီဂျင်အိုးအသေးများ ကိုမူ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရ သည်။
သက်မောင်(ကျောက်ဆည်)