
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၌ ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျောက်ဆည်မြို့နယ်တွင် ၁၉၀၄ ဧက၊ စဉ့်ကိုင် မြို့နယ်တွင် ၂၉၃၉ ဧက၊ မြစ်သားမြို့နယ်တွင် ၁၆၁၅ ဧက၊ စုစုပေါင်း ၆၄၅၈ ဧက စိုက်ပျိုးထားရှိကြောင်း၊ ယခုအချိန်တွင် ခရိုင်အတွင်းရှိ ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ရှိနေပြီး မျိုးအနေဖြင့် ကျောက်စိမ်း၊ ရေဆင်း ၁၁ မျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်းသိရသည်။ ပဲတီစိမ်းသီးနှံ များကို မတ်လဆန်းမှ စတင်စိုက်ပျိုးခဲ့ရာ ဇွန်လဆန်း တွင် ပဲတီစိမ်း အများဆုံးထွက်ရှိလျက်ရှိပြီး ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်၌ တစ်ဧကလျှင် သွင်းအားစုများအပါအဝင် ကျပ် ၂၉၈၀၀၀ ခန့်ကုန်ကျ ကာ အထွက်နှုန်းအနေဖြင့် ၁၀ တင်း အထိ ထွက်ရှိကာ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ် ၅၂၀၀၀ ဈေးနှုန်းရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ် ၂၂၂၀၀၀ ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ၃၀၀၀၀၀ ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ၁၀-၁၂ တင်း အထိထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် စတင်ထွက်ရှိ ချိန်တွင် ကျပ် ၆၄၅၀၀ ဈေးနှုန်းရှိပြီး ယခုလက်ရှိ ပဲတီစိမ်းပေါက်ဈေး နှုန်းမှာ ကျပ် ၆၀၅၀၀ ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းလာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ၃၀၅၀၀၀ ရရှိကြောင်း ပဲတီစိမ်းစိုက်တောင်သူများ ဝင်ငွေတိုး၍ အကျိုးအမြတ်များ ပိုမိုရရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)