
နေပြည်တော် မေ ၁၄
ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)နေ့ထူး နေ့မြတ်တွင် နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၊ ဗုဒ္ဓဂယာ (နေပြည်တော်)၊ မဟာသကျရံသီ ရပ်တော်မူရုပ်ရှင် တော်မြတ်ကြီး၊ ရန်အောင်မြင် ရွှေလက်လှစေတီတော်၊ ဓာတု စယ ဓာတ်ပေါင်းစုစေတီတော်၊ ထာဝရ ငြိမ်းချမ်းရေးစေတီ၊ ရန်အောင်ချမ်းသာဘုရား၊ လှေခွင်း တောင် တန်ခိုးကြီးဘုရား၊ ကိုးနဝင်းစေတီတော်၊ ဆုတောင်း ပြည့် လောကမာရဇိန်စေတီတော်၊ သံသရာ ငြိမ်းအေးစေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ်စေတီ၊ ဖောင်တော် ချက်မစေတီ၊ လက်လုပ်တောင် စေတီ၊ ကိုးနဝင်းစေတီ၊ မြို့ပေါ် ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ ပတ်ဝန်းကျင်ဒေသများမှ ဘုရား ဖူးများဖြင့် စည်ကားလျက်ရှိသည်။
နေပြည်တော်ရှိ ဗုဒ္ဓဂယာသို့ ဘုရားဖူးလာရောက်သည့် မသွန်း ရတီဖြိုးက “ကဆုန်လပြည့်နေ့ က ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူး နေ့မြတ်ဖြစ်တဲ့ အတွက်ကြောင့် သူငယ်ချင်းတွေနဲ့အတူ လာ ရောက်ဖူးမြော်တာပါ။ ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ မြန်မာပြည်သူ၊ ပြည်သားများအားလုံး ကပ်ကြီး သုံးပါးကို ကျော်လွှားပြီး ကျန်းမာ ရေး၊ လူမှုရေး၊ စီးပွားရေးတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပါတယ်”ဟု ပြော သည်။
ထို့ပြင် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး၏ ပရိဝုဏ် အတွင်းရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် ၌ ဆင်စာကျွေးကြသူများ၊ နိဗ္ဗာန် ကုန်ဆိုင်များနှင့် အမှတ်တရ ပစ္စည်း အရောင်းဆိုင်များတွင် လည်း ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ နေပြည်တော်ရှိ Ocean Super Center ၊ Juction Center ၊ Naypyitaw Wholesale တို့တွင် ဈေးလာဝယ်ကြသူများနှင့် နေပြည်တော် ရေပန်းဥယျာဉ်၊ တိရစ္ဆာန် ဥယျာဉ်၊ ဆာဖာရီ ဥယျာဉ်၊ အမျိုးသားအထိမ်း အမှတ်ဥယျာဉ်၊ လှေခွင်းတောင် ကမ်းခြေ အပန်းဖြေစခန်း၊ မင်္ဂလာကန်တော်တို့တွင်လည်း အပန်းဖြေလာရောက်ကြသူများ ဖြင့် စည်ကားလျက်ရှိသည်။
ညနေပိုင်းတွင်လည်း မြို့ပေါ် ရပ်ကွက်၊ ကျေးရွာများရှိ ဘုရား စေတီများနှင့် မဟာဗောဓိပင် တော်တို့၌ ဆီမီး၊ ပန်းမန်၊ သောက်တော်ရေ ကပ်လှူပူဇော် ကြသူများ၊ ဝတ်ရွတ်ပူဇော်ကြ သူများ၊ ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ကြသူများ၊ စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။
ကဆုန် လပြည်နေ့တွင် ဘုရားဖူးလာရောက်ကြသူများကို ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက် ကူညီစောင့်ရှောက်ပေး လျက်ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များကလည်း ဘုရားဖူးပြည်သူ များ စိတ်အေးချမ်းစွာ ကုသိုလ်ပြု နိုင်ရန် လုံခြုံရေးဆောင်ရွက်ပေး နေသည်ကိုလည်း တွေ့ရသည်။
သတင်း - လုလင်ငယ် ဓာတ်ပုံ-ကိုထိန်အေး