ကဆုန်လပြည့်(ဗုဒ္ဓနေ့) နိုင်ငံတစ်ဝန်း ကဆုန်ညောင်ရေသွန်းပွဲနှင့် ကောင်းမှုကုသိုလ်ပြုသူများစည်ကား

 

ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)သည်        ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်။    “ဗျာဒိတ်၊  ဖွားမြင်၊   ဗောဓိပင်၊  စံဝင်နိဗ္ဗာန်နန်း” ဆိုသည့်အတိုင်း    ထူးခြားပြည့်စုံနေသော ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်တို့သည်  မြတ်စွာဘုရားရှင် သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး    ဘုရားဖြစ်တော်မူသော မဟာဗောဓိညောင်ပင်တော်ကို     ပရိဘောဂစေတီအဖြစ် အာရုံပြုပြီး နှစ်စဉ်ညောင်ရေသွန်းလောင်းပူဇော်လျက်ရှိရာ နိုင်ငံတစ်ဝန်းမြို့နယ်များ၌ ကဆုန်ညောင်ရေသွန်းပွဲတော်များ စည်ကားသိုက်မြိုက်စွာကျင်းပနေပုံများကို စုစည်းဖော်ပြအပ် ပါသည်။