ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

 

 

ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သည့် အရေပြားအကျိတ်နာရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်  ဖြစ်ပွားရခြင်းဖြစ်ပြီး  မိမိတို့  မွေးမြူထားသော ကျွဲ၊ နွားများကို အဆိုပါရောဂါ  ဖြစ်ပွားကျရောက်ခြင်းမှ   ကြိုတင် ကာကွယ်နိုင်ရန်အတွက်  အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင် ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
    (၁)    နာမကျန်းကျွဲ၊ နွားများကို  လွှတ်ကျောင်းခြင်း၊  အခြား ကျွဲ၊ နွားများနှင့် ရောနှောခြင်း မပြုရန်၊ 
    (၂)    ကျွဲ၊  နွားမွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုရန် နှင့် ပိုးသတ်သန့်စင်ခြင်း ဆောင်ရွက်ရန်၊
    (၃)    ကျွဲ၊နွားအသစ်ဝယ်ယူမွေးမြူမည်ဆိုပါက ရောဂါကင်းရှင်း ကြောင်း စိတ်ချရသောခြံမှ ကျွဲ၊ နွားများကို ဝယ်ယူမွေးမြူရန်၊
    (၄)    ဝယ်ယူသည့်  နွားအသစ်များကို   မိမိခြံရှိနွားများနှင့်  မိမိခြံရှိ ဝက်များနှင့်အတူ   ထည့်သွင်းမွေးမြူခြင်းမပြုမီ  သီးသန့် ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊
    (၅)    ရောဂါပိုးသယ်ဆောင်တတ်သည့်   အင်းဆက်ပိုးမွှားများ ဖြစ်သည့် မှက်၊ ခြင်၊ ယင်နှင့် မွှားများကို ထိန်းချုပ်ရန်၊
    (၆)    ဆေးထိုးအပ်နှင့် ခြံအသုံးအဆောင်ပစ္စည်းများ မျှဝေသုံးစွဲ ခြင်းမပြုရန်၊
    (၇)    ကျွဲ၊ နွားများ  ရွှေ့ပြောင်းသယ်ဆောင်ရာတွင်  မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက်လက်မှတ် (AHD/PC-3)ရယူရန်၊
    (၈)    မိမိကျွဲ၊နွားများတွင်  အရေပြားအကျိတ်နာဖြစ်ပွားနေသည် ဟု သံသယရှိပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ထံသို့ ချက်ချင်းသတင်းပို့ရန်၊
    (၉)    ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင်  သက်ဆိုင်ရာဌာန၊  အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်။
    မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန