ကာတာကမ္ဘာ့ဖလားပြိုင်ပွဲသည် အရှေ့အလယ်ပိုင်းတွင် ပထမဆုံးကျင်းပမည့် ပြိုင်ပွဲဖြစ်လာမည်

 

ဒိုဟာ   နိုဝင်ဘာ    ၁ 


ကာတာနိုင်ငံ၌  မကြာမီကျင်းပ တော့မည့် (၂၂) ကြိမ်မြောက် ကမ္ဘာ့ ဖလားပြိုင်ပွဲသည် ပြိုင်ပွဲသမိုင်း တစ်လျှောက် အရှေ့အလယ်ပိုင်း ဒေသ၌  ပထမဆုံးအကြိမ် ကျင်းပ မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာ မည်ဖြစ်ကြောင်း သိရသည်။ 

 


အဆိုပါ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲ၌ အသင်းပေါင်း ၃၂ သင်း ပါဝင်မည်ဖြစ်ပြီး    နိုဝင်ဘာ     ၂၀ ရက်မှ  ဒီဇင်ဘာ ၁၈ ရက်အထိ မြို့တော်    ဒိုဟာနှင့်      အခြားမြို့ လေးမြို့ရှိ            အားကစားကွင်း ရှစ်ကွင်းတွင် ယှဉ်ပြိုင်ကစားသွား မည်ဖြစ်သည်။ ယခင်ကမ္ဘာ့ဖလား ပြိုင်ပွဲများကို မေလနှင့် ဇူလိုင်လ ကြား ယှဉ်ပြိုင်ကစားလေ့ရှိသော် လည်း ကာတာနိုင်ငံ၏ သဲကန္တာရ အပူဒဏ်ရာကို     ရှောင်ရှားနိုင်ရန် အတွက်  ယခုနှစ်တွင် အေးသော ရာသီတွင် ပြောင်းရွှေ့ကစားရန်  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်    (ဖီဖာ) က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

 


ထို့ကြောင့်      ကာတာကမ္ဘာ့ ဖလားပြိုင်ပွဲသည် ၁၉၃၀ ပြည့်နှစ် က ကမ္ဘာ့ဖလား  စတင်ယှဉ်ပြိုင် ကစားပြီးကတည်းက     နောက် အကျဆုံး     ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ဖြစ်လာ မည် ဖြစ်သည်။      ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မည့်   အသင်းများအနေ ဖြင့် အချိန်ဇယားပြောင်းလဲမှုနှင့်  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကဲ့သို့ ဖြစ်နိုင်ခြေရှိသော     အရေးပေါ် အခြေအနေများနှင့်     လိုက်လျော ညီထွေမှုရှိစေရန်အတွက် သမား ရိုးကျ ကစားသမား ၂၃ ဦး စာရင်း မှ    ယခုနှစ်တွင်   ကစားသမား  ၂၆    ဦးအထိ စာရင်းသွင်းနိုင်မည်ဟု သိရသည်။ 

 


ထို့အပြင် ပွဲတစ်ပွဲတွင် ပုံမှန် လူစားလဲမှု  သုံးဦးထက် ယခုနှစ် တွင်    ငါးဦးအထိ   လူစားလဲခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း သိရ သည်။                                

                                        
အင်န်အိတ်ချ်ကေ