ကာလဝမ်းရောဂါတိုက်ဖျက်ရန်အတွက် ကုလသမဂ္ဂနှင့် မာလာဝီ အာဏာပိုင်တို့ ပူးပေါင်းလုပ်ဆောင်

 

ကုလသမဂ္ဂ ဖေဖော်ဝါရီ ၁၈


ကုလသမဂ္ဂသည်   မာလာဝီနိုင်ငံ အတွင်း  အဆိုးရွားဆုံး   ကာလ ဝမ်းရောဂါဖြစ်ပွားမှုကို    တိုက် ဖျက်ရန်အတွက် မာလာဝီအာဏာ ပိုင်များနှင့်အတူ  ပူးပေါင်းလုပ် ဆောင်လျက်ရှိကြောင်း  ကုလ သမဂ္ဂပြောရေးဆိုခွင့်ရှိသူ တစ်ဦး က ဖေဖော်ဝါရီ   ၁၇   ရက်တွင် ပြောသည်။ 

 


မာလာဝီနိုင်ငံသည်     ၂၀၂၂ ခုနှစ် မတ် ၃  ရက်   နောက်ပိုင်း ကာလဝမ်းရောဂါကူးစက်ဖြစ်ပွား သူ   ၃၆၉၄၃   ဦး   ရှိပြီး  အဆိုပါ ရောဂါနှင့်   ဆက်စပ်သေဆုံးသူ ၁၂၁၀  ရှိကြောင်း    ပြီးခဲ့သည့် သီတင်းပတ်အထိ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (ဒဗလျူအိတ်ချ်အို)၏ အစီရင်ခံဖော်ပြချက်အရ   သိရ သည်။ ကာလဝမ်းရောဂါဖြစ်ပွား မှုသည် မာလာဝီနိုင်ငံရှိ ခရိုင် ၂၉ ခုလုံး၌    ကူးစက်ဖြစ်ပွားလျက် ရှိပြီး ဇန်နဝါရီတစ်လတည်းတွင် ကာလဝမ်းရောဂါကူးစက်ဖြစ်ပွား သူ ၁၄၃ ရာခိုင်နှုန်းအထိ မြင့်တက် ခဲ့သည်။ 

 


မာလာဝီနိုင်ငံရှိ  ကုလသမဂ္ဂ ဌာနေ  ညှိနှိုင်းရေးမှူး  ရေဘက္ကာ အက်ဒူဒွန်တာသည် ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်နှင့်  ကုလသမဂ္ဂ လူဦးရေ         ရန်ပုံငွေအဖွဲ့တို့၏ ထောက်ပံ့ကူညီမှုနှင့်အတူ ယခု သီတင်းပတ်     အစောပိုင်းတွင် ကာလဝမ်းရောဂါတိုက်ဖျက်ရေးလှုပ်ရှားမှုကို     စတင်ခဲ့ကြောင်း ကုလသမဂ္ဂ    အတွင်းရေးမှူးချုပ် အန်တိုနီယို  ဂူတာရက်စ်၏ လက် ထောက်    ပြောခွင့်ရသူ  ဖာဟန် ဟတ်က ပြောသည်။      

ဆင်ဟွာ