ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၂ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

 

တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၂၁၆၁၀၇ ပင်ကို စိုက်ပျိုးပေးနိုင်ခဲ့

 

နေပြည်တော်    ဇွန်     ၂


သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို   အထောက်အကူဖြစ်စေရန်၊ အရိပ် အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ  အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။ 

 


ယနေ့တွင် ၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)  မိသားစုများ၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပ ပြုလုပ်ရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး     မင်းအောင်လှိုင်    တက်ရောက်၍    ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

 


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ    ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်       ကာကွယ်ရေးဦးစီးချုပ် (ကြည်း)    ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်းနှင့်  ဇနီး ဒေါ်သန်းသန်းနွယ်၊    ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်  ဇနီး၊   ကာကွယ်ရေးဦးစီးချုပ်  (ရေ)  နှင့်  ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊   နေပြည်တော်တိုင်းစစ်ဌာနချုပ်  တိုင်းမှူးနှင့် ဇနီး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်း သား     အရာရှိကြီးများ၊     ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များ နှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

 


သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊  
ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ်တော
ထိန်းသိမ်းရေးလုပ်ငန်းများတွင်  ပြည်သူများ 
တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ကျင်းပ


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က    အမှာစကား   ပြောကြားရာတွင် တပ်မတော်အနေဖြင့်   ၂၀၁၁  ခုနှစ်မှ     စတင်၍  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့ပြီး   ၂၀၂၁  ခုနှစ်တွင်  ကိုဗစ်-၁၉  ရောဂါ ကူးစက်မှုပြင်းထန်ခဲ့သဖြင့်   ပြုလုပ်နိုင်ခဲ့ခြင်း  မရှိခဲ့ ကြောင်း၊ မြေဆီမြေနှစ်များ နိုးထချိန်၊ မိုးရေမှန်မှန် ရချိန်ဖြစ်သည့်   ဇူလိုင်လအတွင်း   အများအားဖြင့် ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် မိုးဦးကျစောသည်သာမက မိုးလေဝသသည်လည်း    သင့်တင့်မှန်ကန်နေပြီဖြစ် သည့်အတွက် ယခင်နှစ်များထက်စော၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း။

 


သစ်ပင်များသည် သက်ရှိသတ္တဝါများအားလုံး၏  အဓိက အစာကွင်းဆက်ဖြစ်သကဲ့သို့ သက်ရှိသတ္တဝါ များ အချိန်နှင့်အမျှ ရှူသွင်းနေသည့် အောက်ဆီဂျင်ကို  ထုတ်ပေးနေသည့်   သဘာဝ  အောက်ဆီဂျင်ထုတ် စက်များလည်းဖြစ်ကြောင်း၊ အပင်စိုက်ပျိုးခြင်းသည် စိုက်ပျိုးသူကိုယ်တိုင်နှင့် စိုက်ပျိုးသူများ၏ ပတ်ဝန်း ကျင်ကို  တိုက်ရိုက်  သို့မဟုတ် သွယ်ဝိုက်၍ အကျိုး ကျေးဇူးများကို ပေးစွမ်းနိုင်ပြီး မိမိတို့၏ လူ့ပတ်ဝန်း  ကျင်တွင်    “သစ်တစ်ပင်ကောင်း    ငှက်တစ်သောင်း နားနိုင်” ၊ “တစ်သက်ပျော်ချင် သစ်ပင်စိုက်” ဟူသည့် အဆိုအမိန့်   စကားရပ်များ   ဖြစ်ထွန်းလာခြင်းဖြစ်ကြောင်း။

 


တပ်မတော်အနေဖြင့်   ယခုကဲ့သို့   သစ်ပင်စိုက် ပွဲတော်များ    ကျင်းပနေခြင်းသည်     သစ်တော သယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ် ထိန်းသိမ်းနိုင်စေရန်နှင့်    သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာပူးပေါင်း ပါဝင်လာစေရန်     ရည်ရွယ်ကျင်းပနေခြင်းပင်ဖြစ် ကြောင်း၊     သစ်ပင်သစ်တောများသည်       လေထု အပူချိန်ကို ထိန်းညှိပေးနိုင်သည်ဖြစ်သည့်အတွက် ကြီးမားသည့်   ရာသီဥတုပြောင်းလဲမှုများ၊     ဆိုးရွား သည့်       ရာသီဥတုဖောက်ပြန်မှုများ   မဖြစ်စေရန် ထိန်းညှိပေးနေသည်ကိုလည်း     သိရှိထားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရေဆင်းဒေသသည် ယခင် က ပူပြင်းသည့်  ရာသီဥတုရှိခဲ့ပြီး ယခုကဲ့သို့ သစ်ပင် စိုက်ပျိုးမှုများကို ရေရှည်ဆောင်ရွက်ခဲ့သောကြောင့်  လက်ရှိအခါတွင်   ကောင်းမွန်သည့်   ရာသီဥတုနှင့် စိမ်းလန်းစိုပြည်မှု အကျိုးရလဒ်ကို ခံစားရခြင်းပင် ဖြစ်ကြောင်း။

 


တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်
ထင်းစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ကြရန်နှင့် 
တစ်ပင်စိုက်တစ်ပင်ရှင်စနစ်ဖြင့် ဖြစ်ထွန်း
အောင်မြင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ရမည်


မိမိတို့နိုင်ငံသည်  ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည် နှင့်အညီ ထင်း၊ မီးသွေးကို လောင်စာအဖြစ် အသုံးပြု နေကြဆဲဖြစ်ကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ချက်ပြုတ်ရေးအတွက် အများစုသည် ထင်းကို အဓိက ထားသုံးစွဲနေကြကြောင်း၊    ထို့ကြောင့်      သဘာဝ သစ်တောများအပေါ် အဓိက မှီခိုအားထားနေကြရ သည်ဖြစ်သည်ဟု ပြောကြားလိုကြောင်း၊ ထိုကဲ့သို့  မှီခိုနေရမှုများကို လျှော့ချနိုင်ရေးအတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် ကျေးရွာပိုင် ထင်းစိုက်ခင်း များကို တစ်ရွာလျှင် အနည်းဆုံး နှစ်ဧက စိုက်ပျိုး တည်ထောင်ကြရန် မှာကြားခဲ့ခြင်းပင်ဖြစ်ကြောင်း၊ အပင်       စိုက်သည့်အခါတွင်    စိုက်ပျိုးပြီးသည်နှင့် မလုံလောက်ဘဲ  ရှင်သန်ကြီးထွားအောင်  ထိန်းသိမ်း စောင့်ရှောက်ရန်လည်း လိုအပ်ကြောင်း၊ တစ်ပင်စိုက် တစ်ပင်ရှင်စနစ်ဖြင့်      ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများက တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ နိုင်ငံသားအားလုံးက လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း။

 


မိမိတို့နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာသည်  တစ်နှစ်ထက်တစ်နှစ်  လျော့နည်း  ပျက်စီးလာပြီး သစ်တောများ  ပိုမိုပျက်စီးလာသည်ကို  စိစစ်တွေ့ရှိ ရကြောင်း၊    ထို့ကြောင့်      သစ်ပင်သစ်တောများ ပြုန်းတီးမှုကို ဖြစ်စေနိုင်သည့် သစ်တောထွက်ကုန် များကို  အလွန်အကျွံ  ထုတ်ယူသုံးစွဲခြင်း၊  သစ်များ တရားမဝင်   ထုတ်ယူ၍     ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းနှင့်        ရွှေ့ပြောင်းတောင်ယာများ စိုက်ပျိုးခြင်းများကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိမှု အားနည်းနေပါက ထင်းအသုံးပြုမှုသည်   ရှိနေဦးမည်ဖြစ်သဖြင့်  ထင်း အသုံးပြုမှုများကို   စနစ်တကျဖြစ်စေရေးနှင့်  ထင်း အစားထိုးလောင်စာများ အသုံးပြုနိုင်ရေးဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊   မိမိတို့နိုင်ငံတွင်    သစ်ကို အခြေခံသည့် အဆောက်အဦများ အများအပြားရှိနေ သည့်အတွက် မိမိတို့နိုင်ငံ၏ လူနေမှုစနစ်ကို မြှင့်တင် ပေးရမည်ဖြစ်ပြီး ခေတ်နှင့်လျော်ညီပြီး သဟဇာတ ဖြစ်သည့်  အဆောက်အဦများ  ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 


စိမ်းလန်းသာယာသည့်  နိုင်ငံတော်အဖြစ်  
ကမ္ဘာ့အလယ်တွင် ထာဝရဂုဏ်ယူနိုင်ရေး    
ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်


မိမိတို့    ဒေသအလိုက်      သစ်ပင်စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းများကို  ဆောင်ရွက်ကြရမည်ဖြစ်ပြီး  သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် မိမိတို့အတွက်သာမက အနာဂတ် မျိုးဆက်သစ်များအတွက်လည်း အကျိုး များစွာကို          ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ သစ်တောသစ်ပင်များ စိုပြည်စိမ်းလန်းမည်ဆိုပါက ကျန်းမာပျော်ရွှင်ဖွယ်ကောင်းသည့် လူ့ပတ်ဝန်းကျင် ကို    လက်ဆင့်ကမ်းနိုင်မည်ဖြစ်ကြောင်း၊    သစ်ကို အခြေခံသုံးစွဲသည့် နယ်ပယ်များအားလုံးကို အတတ် နိုင်ဆုံးလျှော့ချရမည်ဖြစ်ပြီး သစ်တောသစ်ပင် သုံးစွဲမှု လျှော့ချခြင်းအားဖြင့်    တိုင်းပြည်သာယာဝပြောမှု ကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ် စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိမ်းလန်းသာယာ သည့်  နိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် ထာဝရ ဂုဏ်ယူနိုင်ရေး မိမိတို့အားလုံးအနေဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရမည်       ဖြစ်ကြောင်းဖြင် ပြောကြားသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က 
ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    တပ်မတော်ကာကွယ်ရေး      ဦးစီးချုပ်နှင့် ဇနီးတို့က    ရတနာတန်းဝင်ကျွန်းပင်ကို   ဦးဆောင် စိုက်ပျိုးပေးကြသည်။    ဆက်လက်ပြီး    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ     ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီး များနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်   ရုံးမှ  တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊  အခမ်းအနား   တက်ရောက်လာကြသည့် အရာရှိ၊   စစ်သည်မိသားစုများက   သတ်မှတ်နေရာ အသီးသီးတွင်   သစ်ပင်များကို  စိုက်ပျိုးကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင် များသည် အရာရှိ၊  စစ်သည် မိသားစုများ၏ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုအား         လှည့်လည်ကြည့်ရှု အားပေးကြသည်။

 


၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် ပထမအကြိမ်
သစ်ပင်စိုက်ပျိုးပွဲအထိ  ရေဆင်းဆည်ပတ်ဝန်းကျင်၌ 
ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် 
အရိပ်ရလေကာပင် စုစုပေါင်း ၁၇၂၇၄၉ ပင်အား 
စိုက်ပျိုးခဲ့ပြီးဖြစ်


ယနေ့ပြုလုပ်သည့်    ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင်   ရတနာတန်းဝင်    ကျွန်းပင် ၂၁၅၂ ပင်၊ ပိတောက် ၁၀၇၆ ပင်နှင့် အရိပ်ရလေကာပင်  မန်ဂျန်ရှား  ၁၀၇၆  ပင်၊  စုစုပေါင်း  ၄၃၀၄  ပင်အား စုပေါင်း     စိုက်ပျိုးခဲ့ကြသည်။      ရေဆင်းဆည် ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ် မှ ၂၀၂၂ ခုနှစ် ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ ရတနာတန်းဝင်ပင်၊   နှစ်ရှည်သီးနှံပင်နှင့်   အရိပ်ရ လေကာပင် စုစုပေါင်း ၁၇၂၇၄၉ ပင် စိုက်ပျိုးခဲ့ပြီး ဖြစ်သည်။

 


အလားတူ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာ တန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံး သီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုး ကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၁၁၄၃၅  ပင်၊   မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌  ၁၈၁၂၈   ပင်၊ အရှေ့မြောက်တိုင်း   စစ်ဌာနချုပ်၌  ၁၀၄၉၇  ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၃၂၇၇ ပင်၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ အပင် ၁၄၃၀၀၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၌ အပင် ၂၉၆၀၀၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်၌ ၁၂၀၉၅ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၁၂၄၇၄ ပင်၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်၌ ၁၅၁၂၈ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌  ၆၃၅၅ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၇၈၇၄ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ၁၀၀၆၅ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၆၆၆၆ ပင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌    ၁၃၉၀၉   ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုး ခဲ့ကြ ပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင်   ၂၁၆၁၀၇   ပင်ကို    စိုက်ပျိုးခဲ့ကြ ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်