
နေပြည်တော် ဇွန် ၂၄
နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ် ရေးပြပွဲ(International Maritime Defence Show (IMDS-2021))ကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံ Saint Petersburg မြို့၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာသည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင် သည့် မြန်မာ့တပ်မတော်(ရေ)ကိုယ်စား လှယ်အဖွဲ့ ပါဝင်တက်ရောက်ကြသည်။
ဦးစွာ မြန်မာ့တပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့သည် အခြားဖိတ်ကြား ထားသည့် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ တပ်မတော်(ရေ) ကိုယ်စားလှယ်များနှင့် အတူ (International Maritime Defence Show (IMDS-2021)) ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ကြသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် ရုရှား ရေတပ်ဦးစီးချုပ် Admiral Nikolai Yevmenov နှင့်တွေ့၍ နှစ်နိုင်ငံရေကြောင်း ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ် များ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ယင်းနောက် မြန်မာ့တပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့သည် JSC “ Almaz-Antey’’ ပြခန်းအတွင်း ခင်းကျင်းပြသ ထားသည့် ကာကွယ်ရေးပစ္စည်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်