
နေပြည်တော် နိုဝင်ဘာ ၄
ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၏ ဖိတ် ကြားချက်အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ ရောက်ရှိနေ သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆို သည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် ရုရှားရေတပ်ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာကြသည့် နှစ်နိုင်ငံ ရေတပ်အရာရှိများအား အပြန် အလှန်မိတ်ဆက်ပေးကြပြီး ရုရှား ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV က ဘုရင့်နောင် ရိပ်သာဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။
တွေ့ဆုံဆွေးနွေး
ဆက်လက်ပြီး ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင် သည် ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဘုရင့် နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
ပိုမိုတိုးမြှင့်ဆောင်ရွက်
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံ ရေတပ်နှစ်ရပ် အကြား နဂိုရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက် သွားမည့် အခြေအနေများ၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ Navy To Navy Talks ဆွေးနွေးပွဲပြုလုပ်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော် ရေတပ်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် သွားမည့်အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
အထိမ်းအမှတ်တံဆိပ်များပေးအပ်
တွေ့ဆုံပွဲအပြီးတွင် ကာကွယ် ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ရုရှားရေတပ်ဦးစီး ချုပ် Admiral Nikolai A.EVMENOV တို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန်ပေးအပ် ကြပြီး တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ် ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်အတူ စစ်ဦးစီးအရာရှိ ချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့် တပ်မတော် (ရေ)မှ အရာရှိကြီးများ တက်ရောက် ကြပြီး ရုရှားရေတပ်ဦးစီးချုပ်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စစ်သံမှူး Colonel Sergey KURCHENKO နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထို့ပြင် ရုရှားရေတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်၍ ပန်းခြင်းချ အလေးပြုခြင်း ၊ ရတနာဆင်ဖြူတော် အဆောင် သို့ သွားရောက်လေ့လာခြင်း၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်သို့ သွားရောက် လေ့လာခြင်းများ ဆောင်ရွက်ခဲ့သည်။
ကြိုဆိုနှုတ်ဆက်
အဆိုပါ ရုရှားရေတပ်ဦးစီး ချုပ်ဦးဆောင်သော ချစ်ကြည်ရေး အဖွဲ့သည် ယမန့်နေညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ရောက် ရှိခဲ့ရာ တပ်မတော်(ရေ) မှ အရာရှိ ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူ များက လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်