ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော တပ်မတော် (လေ)ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ထွက်ခွာ

 

နေပြည်တော်   ဇွန်    ၂၈


ထိုင်းဘုရင့်လေတပ်  ဦးစီးချုပ်ဖြစ်သူ    Air    Chief   Marshal Alongkom Vannarot ၏ ဖိတ်ကြားချက် အရ     ကာကွယ်ရေးဦးစီးချုပ် (လေ)     ဗိုလ်ချုပ်ကြီး ထွန်းအောင်           ဦးဆောင်သော  တပ်မတော်(လေ)  ချစ်ကြည်ရေး  ကိုယ်စားလှယ်အဖွဲ့သည်   ယနေ့တွင်    ထိုင်းနိုင်ငံသို့    လေကြောင်းခရီးဖြင့်   ရန်ကုန်မြို့မှ   ထွက်ခွာသွားသည်။

 


ကာကွယ်ရေးဦးစီးချုပ်(လေ)    ဦးဆောင်သော     ကိုယ်စားလှယ်အဖွဲ့အား   ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်  ဇော်ဟိန်းနှင့်  အဖွဲ့ဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ခဲ့ကြကြောင်း  သတင်းရရှိသည်။                     
သတင်းစဉ်