ကာကွယ်ဆေးတိုက်ကျွေးခြင်းကသာ ပိုလီယိုကင်းစင်နိုင်မည်

 

ထွန်းကျော်

 

အာဖရိကတိုက်တစ်လွှား အစိုးရများနှင့် ခေါင်းဆောင်ပိုင်းတို့က ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းကို ကလေးများအတွက် ရည်ရွယ်၍ အင်တိုက်အားတိုက် လုပ်ဆောင်ပါက ဆာဟာရဒေသတွင် ပိုလီယိုလုံးဝကင်းစင်ရေးသည် မကြာမီအချိန်အတွင်း ရောက်ရှိလာမည်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အရာရှိတစ်ဦးက မတ် ၁၁ ရက်တွင် ပြောသည်။

 

အမြစ်ဖြတ်ရှင်းလင်းနိုင်မည် 
အသက် ငါးနှစ်အောက် ကလေးငယ်များကို  ပိုလီယိုကာကွယ်ဆေး  တိုက်ကျွေးခြင်း၊     စုံစမ်း ထောက်လှမ်းမှုများ  ပြုလုပ်ခြင်း၊ ကျန်းမာရေး နှင့်အညီ နေထိုင်ခြင်းနှင့် ပြည်သူများ  အသိရှိစွာ နေထိုင်ခြင်းတို့ဖြင့် အလွယ်တကူ ကူးစက်နိုင် သည့် ပိုလီယိုရောဂါကို အမြစ်ဖြတ်ရှင်းလင်းနိုင် မည်ဟု   အာဖရိကဆိုင်ရာ   ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏  ဒေသတွင်း   အရာရှိတစ်ဦးဖြစ်သူ မာဂျီယွန် အန်ဒိုယူတာဘေးက ပြောသည်။
ကူးစက်မှုကိုအမြစ်မဖြတ်နိုင်သေး 
ပိုလီယိုရောဂါ    တိုက်ဖျက်ရေးအတွက် အာဖရိကနိုင်ငံများသည်   ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးမှုကိုပြုလုပ်ရမည်ဖြစ်ပြီး  ပိုလီယိုရောဂါ နှင့်ပတ်သက်၍   စူးစမ်းထောက်လှမ်းမှုများကို ပြုလုပ်ရမည်ဖြစ်သည်။
 ယင်းသို့  လုပ်ဆောင်ရာတွင်   ဒေသတွင်း ခေါင်းဆောင်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ဖြင့်သာ လုပ်ဆောင်နိုင်မည်ဟု ၎င်းက ပြောသည်။ ပဋိပက္ခများ၊  အစုလိုက်အပြုံလိုက်  ရွှေ့ပြောင်း နေထိုင်မှုများ၊   မိလ္လာစနစ်သန့်ရှင်းမှု   နည်းပါး ခြင်းနှင့်    ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးနိုင်မှု နည်းပါးခြင်းတို့ကြောင့်  အာဖရိကတိုက်တွင် ပိုလီယိုကူးစက်မှုကို အမြစ်မဖြတ်နိုင်ခြင်းပင် ဖြစ် သည်။ 
တွန်းအားပေးလိုက်သလိုဖြစ်လာ 
ဖေဖော်ဝါရီလအတွင်း အာဖရိကတွင် ပိုလီယို ကူးစက်မှုကို ပထမဦးဆုံးတွေ့ရှိခဲ့သည်။ လွန်ခဲ့ သည့် ငါးနှစ်က  မာလဝီနိုင်ငံတွင် ငါးနှစ်အရွယ် ကလေးတွင် ပိုလီယိုကူးစက်ခံထားရမှုတွေ့ရှိပြီးနောက် ဖေဖော်ဝါရီလအတွင်း နောက်တစ်ကြိမ် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တွေ့ရှိ မှုကြောင့် အာဖရိကတိုက်တွင် ပြည်သူ့ကျန်းမာရေး စနစ်ကို တွန်းအားပေးလိုက်သလိုပင် ဖြစ်လာခဲ့ သည်။ 
 ကာကွယ်ဆေးတိုက်ကျွေးနိုင်ရေးကြိုးပမ်း 
မာလဝီနိုင်ငံတွင် ၁၉၉၂ ခုနှစ်က  ပိုလီယို ကူးစက်ခံရသူကို တွေ့ရှိခဲ့ပြီး တောင်ပိုင်းအာဖရိက ဒေသတွင်  ကျယ်ကျယ်ပြန့်ပြန့်  ကူးစက်ခဲ့ခြင်း မရှိချေ။   မာလဝီကျန်းမာရေးအာဏာပိုင်များ သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့်   ဆက်သွယ် ကာ ပိုလီယိုတိုက်ဖျက်ရေးအတွက် ဆောင်ရွက် ခဲ့ပြီး ကလေးများကို ပိုလီယိုကာကွယ်ဆေးတိုက် ကျွေးနိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။ ယခုလ နှောင်းပိုင်းတွင် မာလဝီ၌ ငါးနှစ်အောက် ကလေး ငယ်များကို   ပိုလီယိုကာကွယ်ဆေးတိုက်ကျွေး ခြင်း ငါးကြိမ်မြောက်အဖြစ် ပြုလုပ်မည်ဖြစ်သည်။ 
တာဝန်ချထားခဲ့ 
အိမ်နီးချင်းနိုင်ငံများတွင် ပိုလီယိုကူးစက်မှု အန္တရာယ်များကြောင့် ယင်းသို့ပြုလုပ်ခြင်းဖြစ်သည် ဟု အာဖရိကဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဒေသတွင်း အရာရှိတစ်ဦးဖြစ်သူ မာဂျီယွန်အန်ဒို ယူတာဘေးက ပြောသည်။ ကလေးငယ်တစ်ဦးတွင် ပိုလီယိုကူးစက်မှုတွေ့ရှိပြီးနောက်   မာလဝီနိုင်ငံ တွင် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ကို တာဝန် ချထားခဲ့ပြီး ပြည်သူများတွင် နောက်ထပ်ကူးစက်မှု မရှိစေရေးအတွက်  ဆောင်ရွက်ခဲ့ကြသည်။ 
 အဆိုပါကူးစက်မှုမှာ ကြီးမားသည့်ခြိမ်းခြောက် မှုမဖြစ်ခဲ့ပေ။ ၎င်းနှင့် အနီးကပ်ထိတွေ့မိသည့် ကလေး များကို စစ်ဆေးရာတွင်လည်း ကူးစက်မှုမရှိဟု တွေ့ရှိ ရသည်။
အကျိုးဖြစ်ထွန်းမည် 
 မကြာမီအချိန်အတွင်းပြုလုပ်မည့်    ပိုလီယို ကာကွယ်ဆေးတိုက်ကျွေးမှုကြောင့်    အိမ်နီးချင်း နိုင်ငံများတွင်လည်း အကျိုးဖြစ်ထွန်းမည်ဟု  ၎င်းက ဆက်ပြောသည်။   အာဖရိကရှိ ဆာဟေးဒေသတွင်   ပိုလီယိုခြိမ်းခြောက်မှုအန္တရာယ်  ရှိနေဆဲဖြစ်သည်။ သောက်သုံးရေမသန့်ရှင်းမှုများလည်းရှိနေသည့် အတွက် ပြည်သူများကိုအသိပညာပေးခြင်း၊  သန့်ရှင်း သော သောက်သုံးရေ  ထောက်ပံ့ပေးခြင်း၊ အချိန်မီ ကုသပေးခြင်းတို့ပြုလုပ်ရန်အတွက်လည်း ၎င်းက တောင်းဆိုခဲ့သည်။
အစ္စရေးတွင်လည်း ပိုလီယိုကူးစက်မှုတွေ့လာ 
 ပိုလီယိုကင်းစင်ရေးအတွက်    တစ်ကမ္ဘာလုံး ဆိုင်ရာနှင့်  အာဖရိကတိုက်တစ်လွှား   အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန်မှာလည်း အရေးကြီးသည့် အချက်ဖြစ်သည်ဟု  မာဂျီယွန်အန်ဒိုယူတာဘေးက ပြောသည်။ လတ်တလောတွင် အာဖရိကတိုက်တွင် သာမက  အစ္စရေးနိုင်ငံတွင်လည်း  ပိုလီယိုကူးစက်မှု  တွေ့ရှိလာရသည်။ 
နောက်ထပ်ကူးစက်မှုများပါ တွေ့လာရ 
၁၉၈၉ ခုနှစ်နောက်ပိုင်း အစ္စရေးတွင် ပိုလီယို ကူးစက်ခံရမှု ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ရှိ ပြီးနောက်   လေးရက်အကြာတွင်  နောက်ထပ် ကူးစက်မှုများကိုပါ တွေ့ရှိလာရသည်။ 
ဂျေရုဆလင်မြို့တွင်  ပိုလီယို   နောက်ထပ် ကူးစက်ခံရသူ   နှစ်ဦး  ထပ်မံတွေ့ရှိခဲ့သည်ဟု အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၀ ရက် တွင် ကြေညာခဲ့သည်။ ပထမဦးဆုံး ပိုလီယိုကူးစက် ခံရသည့်ကလေးငယ်မှာ အသက် လေးနှစ်အရွယ် ကာကွယ်ဆေးမတိုက်ကျွေးရသေးသည့်  ကလေး တစ်ဦးဖြစ်ပြီး နောက်ထပ်ကူးစက်ခံရသူများထဲ မှ  တစ်ဦးမှာလည်း   အဆိုပါကလေးငယ်နှင့် ထိတွေ့မှုရှိသည်။ 
တိုးချဲ့လုပ်ကိုင်လျက်ရှိ 
ကာကွယ်ဆေး   တိုက်ကျွေးပေးသည့်အချိန် အလိုက် ပြည်သူများကာကွယ်မှုရယူကြရန် အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။ ဂျေရုဆလင်မြို့တွင် ပိုလီယိုကူးစက်မှု တွေ့ရှိပြီး သည့်အချိန်မှစတင်ကာ  ကလေးငယ်ပေါင်း  ၅၂၃၉ ဦးကို ကာကွယ်ဆေးတိုက်ခဲ့ပြီးဖြစ်သည်။  မိလ္လာ အညစ်အကြေးများထဲတွင် ပိုလီယိုပိုးကို  တွေ့ရှိ ခဲ့သည့်အတွက် တစ်နိုင်ငံလုံးအနှံ့ မိလ္လာအညစ် အကြေးနမူနာများကိုလည်း စုဆောင်းလျက်ရှိပြီး ဂျေရုဆလင်မြို့တွင် ကူးစက်ရောဂါ စုံစမ်းစစ်ဆေး မှုကိုလည်း  ကျန်းမာရေးဝန်ကြီးဌာနက  တိုးချဲ့ လုပ်ကိုင်လျက်ရှိသည်။     ။
ကိုးကား - ဆင်ဟွာ