
ဆစ်ဒနီ ဖေဖော်ဝါရီ ၂၁
ဩစတြေးလျနိုင်ငံက နိုင်ငံခြားသားခရီးသွားများကို နိုင်ငံအတွင်းဝင်ရောက်ခွင့်ပိတ်ထားသည်မှာ နှစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း ကာကွယ်ဆေးအပြည့်ထိုးပြီးသောခရီးသွားဧည့်သည်များအတွက် ယခုအခါ ပြည်ဝင်ခွင့်ဗီဇာကို ပြန်လည်ခွင့်ပြုပေးတော့မည်ဟု သိရသည်။
ကာကွယ်ဆေးအပြည့်ထိုးထားကြောင်း ဗီဇာကိုင်ဆောင်ထားသည့် ခရီးသည်များကို ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ လက်ခံနေပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့်ကနေဒါနိုင်ငံတို့မှ လေကြောင်း လိုင်းများသည် ဆစ်ဒနီမြို့လေဆိပ်သို့ တစ်စင်းပြီးတစ်စင်း ဆိုက်ရောက်လာကြသည်။ အချို့သော ခရီးသွား များမှာ မိသားစုနှင့် ပြန်လည်ဆုံစည်းခွင့်ရရှိသည့်အတွက် ပျော်ရွှင်နေကြသည်ကိုတွေ့ရသည်။ ကနေဒါနိုင်ငံ မှ အမျိုးသားတစ်ဦးကမူ ဩစတြေးလျနိုင်ငံရှိ ၎င်း၏မိဘများနှင့် ကပ်ရောဂါစတင်သည့်အချိန်မှစကာ တွေ့ခွင့်မရတော့ဘဲ ယခုပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဆုံစည်းခွင့်ရရှိသည်ဟု ပြောသည်။ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းမှစတင်ကာ ကိုဗစ်-၁၉ကူးစက်ပျံ့နှံ့မှုကိုကာကွယ်ရန်အလို့ငှာ နိုင်ငံခြားခရီးသွားများကို ပြည်ဝင်ခွင့်ပိတ်ထားခဲ့သည်။ အင်န်အိတ်ချ်ကေ