
စင်ကာပူ မတ် ၂၆
ဧပြီ ၁ ရက်မှစတင်ကာ စင်ကာပူနိုင်ငံသို့ လာရောက် မည့် ခရီးသွားများအားလုံးအတွက် အသွားအလာစောင့်ကြည့်ကန့်သတ်ခံရမှုကို ဖယ်ရှားပေးတော့ မည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံအများ အပြားတွင် ပြည်ဝင်ခွင့် ကန့်သတ်ချက်များကို ဖြေလျှော့မှုများပြုလာပြီးနောက် စင်ကာပူနိုင်ငံက လည်း ယခုလိုဖြေလျှော့မှုမျိုး ပြုလုပ်လာခြင်း ဖြစ် ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။
ကိုဗစ်-၁၉ နှင့်အတူ နေထိုင်ခြင်းကဲ့သို့ပုံစံမျိုးထံ လျှောက်လှမ်းနေကြောင်း မတ် ၂၄ ရက်တွင် ဝန်ကြီးချုပ်လီရှန်လွန်းက မိန့်ခွန်းပြောကြားခဲ့သည်။ အဆောက်အအုံပြင်ပတွင် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရမည့်အမိန့်ကို ဖယ်ရှားပေးမည့်အပြင် လူအများအပြားစုဝေးခွင့်ကိုလည်း ခွင့်ပြုပေးသွား မည် ဟု ၎င်းက ပြောသည်။ နေ့စဉ်ကူးစက်မှုများမှာ လျော့ကျလာပြီဖြစ်ပြီး လူအများအပြားမှာလည်းကာကွယ်ဆေးထိုးပြီးပြီဖြစ်သည့်အတွက် ယခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြော သည်။
ယခုသီတင်းပတ်အတွင်းပင် အင်ဒိုနီးရှား နိုင်ငံတွင် နိုင်ငံအတွင်းသို့ဝင်ရောက်မည့် ခရီးသွား များအားလုံး ကာကွယ်ဆေးထိုးပြီးရမည်ဖြစ်ကာ ကိုဗစ်-၁၉ ကင်းစင်ကြောင်း ဆေးလက်မှတ်ကို လည်း ပြသရမည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ယခုလအတွင်း ဘာလီကျွန်းအပါအဝင် အခြားသော နေရာများသို့ သွားလာရာတွင် အသွားအလာ စောင့်ကြည့်ကန့်သတ်မှုများကို ဖြေလျှော့ပေးခဲ့ပြီး ဖြစ်သည်။
အင်န်အိတ်ချ်ကေ