ကာကွယ်ဆေးထိုးနှံရေးက အရေးကြီးပါတယ်။ ကျွန်တော်တို့အားလုံး အမျိုးသားရေးအသွင်နဲ့ တစ်ဦးတစ်ယောက်ချင်း ပါဝင်ထိုးနှံပေးဖို့ လိုပါတယ်

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

 

ထက်လျှံ

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို     ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။    ။    နိုင်ငံတစ်ဝန်း  ကိုဗစ် - ၁၉ တတိယလှိုင်း   ဖြစ်ပွားနေတာ 
နဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာ မြှင့်တင်‌ရေးဌာနခွဲမှ  ညွှန်ကြားရေးမှူး       ဒေါက်တာ သန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဇူလိုင်လ ၂၈ ရက်ကစတင်ပြီး ကိုဗစ် - ၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးနေတဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး ပြောပြ ပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး။    ။    ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့   မြန်မာ 
နိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါ    ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတာရှိပါတယ်။ အဲဒီမှာ အဓိက ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုရိုနာ ဗိုင်းရပ်စ် ၂၀၁၉ ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီရဲ့ လမ်းညွှန်မှုနဲ့ ဆောင်ရွက်တဲ့အခါမှာ  ရည်ရွယ်ချက်  (၃) ခုရှိပါ တယ်။
ဒီရည်ရွယ်ချက်တွေက (၁) ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့်    သေဆုံးမှုနှုန်းကို လျှော့ချရန်၊ (၂) ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုကို တားဆီးရန်နှင့် (၃) ကိုဗစ်ရောဂါဖြစ်ပွားမှု ကြောင့် နိုင်ငံစီးပွားရေးထိခိုက်မှုကို လျှော့ချနိုင်ရန် တို့ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကာကွယ်ဆေး ထိုးနှံတဲ့ လုပ်ငန်းတွေကို စတင်ပြီး ဆောင်ရွက်ခဲ့ ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်ကနေ ဇူလိုင်လ ၂၁ ရက်အထိ လူဦးရေ ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီလို ကာကွယ်ဆေးတွေ ထိုးနှံတဲ့အခါမှာ ကမ္ဘာ့ ကျန်းမာ ရေးအဖွဲ့ရဲ့     လမ်းညွှန်မှုနဲ့  လုပ်ငန်းလမ်းညွှန် ရေးဆွဲထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးထိုး စီမံချက်ဆိုပြီး  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စံချိန်စံညွှန်းတွေ၊ လမ်းညွှန်မှုတွေနဲ့အတူ ရေးဆွဲ ထားတဲ့ လုပ်ငန်းလမ်းညွှန်ဖြစ်ပါတယ်။ ဒီစီမံချက်မှာ ဦးတည်အုပ်စုတွေကို ဦးစားပေးအစီအစဉ်နဲ့ ထိုးနှံ သွားမယ့်အပိုင်း  ပါပါတယ်။  ဒီလိုကာကွယ်ဆေး ထိုးနှံတဲ့အပိုင်းမှာ နံပါတ် (၁) က   ကျန်းမာရေး ဝန်ထမ်းတွေ အများစုပါပါတယ်။ နိုင်ငံ့ဝန်ထမ်း အများစုကလည်း အဲဒီအချိန်က ထိုးနှံပြီး ဖြစ်ပါ တယ်။ အခုဒီတစ်ပတ် တရုတ်နိုင်ငံကနေ ရရှိထားတဲ့ ကာကွယ်ဆေးတွေကို   ခုနက   ဝန်ထမ်းတွေကို ဆက်လက်ထိုးနှံပေးသွားပါမယ်။ အားလုံးပေါင်း ဦးတည်အုပ်စု ၁၂ အုပ်စုရှိပါတယ်။
နံပါတ် (၁) အုပ်စုက အသက် ၆၅ နှစ်နှင့်အထက် မိဘပြည်သူတွေကို ဦးစားပေးပြီး ထိုးနှံပေးသွား မှာပါ။ အသက် ၆၅ နှစ်နှင့်အထက်ဆိုတာက အားလုံး သိတဲ့အတိုင်း     အသက်အရွယ်ကြီးရင့်တာက တစ်ကြောင်း၊ ဒီအရွယ်ရောက်လာရင် သွေးတိုး၊ နှလုံး၊ ဆီးချို ရောဂါအခံ တစ်ခုခုရှိနေတတ်တာက တစ်ကြောင်း၊ ဒီလိုမျိုးအခြေအနေမှာ ရောဂါပိုး ဝင်ရင်   တော်တော်ပြင်းပြင်းထန်ထန်ခံစားရပြီး အသက်အန္တရာယ်ခံစားရတဲ့ အုပ်စုပါ၊ ဒါကြောင့် ဒီအုပ်စုကို ဦးစားပေးပြီး ထိုးနှံပေးခြင်းဖြစ်ပါတယ်။
နံပါတ် (၂) အုပ်စုက   ကိုဗစ် - ၁၉   ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ရှေ့တန်းကနေ တာဝန်ထမ်းဆောင်နေတဲ့ ကာကွယ် ဆေးမထိုးရသေးတဲ့  ကျန်းမာရေးဝန်ထမ်းတွေ အပြင်     ဒီတစ်ခေါက်မှာ    ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းတွေ ပါပါတယ်။ ပြင်ပဆရာဝန်တွေ၊ ပြင်ပ အထူးကု ဆေးရုံ/ ဆေးခန်းတွေ၊ ပုဂ္ဂလိက ကျန်းမာ ရေးကဏ္ဍမှာ ပါဝင်နေတဲ့ပုဂ္ဂိုလ်တွေက ဒီအုပ်စုမှာ ပါပါတယ်။
နံပါတ် (၃) အုပ်စုက  အလွန်အရေးကြီးတဲ့ အုပ်စုပါ။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ     ဆောင်ရွက်နေတဲ့ ကာကွယ်ဆေးမထိုးရသေးတဲ့ စေတနာ့ဝန်ထမ်း တွေပါ။ ဒီလိုမျိုး စေတနာ့ဝန်ထမ်းတွေက အလွန် အရေးကြီးပါတယ်။ ကိုဗစ် - ၁၉ ရောဂါရဲ့ ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးလုပ်ငန်းတွေမှာ    စေတနာ့ ဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှုက အလွန်အရေး ကြီးပြီး သူတို့ကိုယ်တိုင်ကလည်း ခုနက ကျန်းမာရေး ဝန်ထမ်းတွေနဲ့ နည်းတူ ဆရာဝန်၊ ဆရာမတွေနဲ့ အတူ လူနာတွေနဲ့ အနီးကပ် နေထိုင်ဆက်ဆံရတဲ့ အတွက်ကြောင့် ဦးစားပေးအုပ်စုထဲမှာ ထည့်သွင်း ထားခြင်းဖြစ်ပါတယ်။
နံပါတ် (၄) အုပ်စုက ဘိုးဘွားရိပ်သာများမှာရှိတဲ့ ဘိုးဘွားတွေဖြစ်ပါတယ်။    အဘိုးအဘွားဆိုတော့ အသက်အရွယ်ကြီးရင့်တာကတစ်ကြောင်း၊ ဘိုးဘွား ရိပ်သာဆိုတဲ့အတွက် လူဦးရေ စုစု စည်းစည်းနေထိုင် ရတဲ့အတွက် တစ်ဦးတစ်ယောက်ကို ရောဂါကူးစက် ရင်   နောက်  ဆက်တိုက်ကူးစက်သွားနိုင်ပါတယ်။ ဒါက အရေးကြီးတဲ့အုပ်စုဖြစ်တဲ့အတွက် ဦးစားပေး အုပ်စုထဲမှာ ပါပါတယ်။ နောက် ဘာသာပေါင်းစုံက သာသနာ့ဝန်ထမ်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ သီလရှင်စာသင်တိုက်တွေ ပါပါတယ်။ ဒီမှာလည်း စုစုစည်းစည်း နေထိုင်ရတယ်။ နောက်အခမ်းအနား တွေ၊ အလှူအတန်းတွေ ရှိတတ်တယ်။ ဒီလိုနေရာ မျိုးတွေမှာလည်း ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကို ဦးစားပေး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ကာကွယ်ဆေး မထိုးရသေးတဲ့ နိုင်ငံ့ဝန်ထမ်းတွေလည်း ဒီအုပ်စုထဲမှာ ပါပါတယ်။ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေ  ပါပါတယ်။  ဘဏ် ဝန်ထမ်းဆိုတာ    နိုင်ငံစီးပွားတိုးတက်ရေးကို တစ်ဖက်တစ်လမ်းကနေ    ဆောင်ရွက်ပေးနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ အစိုးရယန္တရားလည်ပတ်ဖို့၊ စီးပွားရေးလည်ပတ်ဖို့အတွက် ဘဏ်ဝန်ထမ်းတွေက အရေးပါတဲ့ဝန်ထမ်းတွေဖြစ်ပါတယ်။    ဘဏ်ရဲ့ သဘောက လူစုလူဝေးနဲ့ လုပ်ကိုင်ရတဲ့ သဘောရှိတဲ့ အတွက် သူတို့တွေကလည်း အရေးကြီးတဲ့အုပ်စု ဖြစ်ပါတယ်။
နောက်တစ်ခုက  ပုဂ္ဂလိကစက်ရုံ၊  အလုပ်ရုံ ဝန်ထမ်းတွေပါ။ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံတွေက နိုင်ငံရဲ့ စီးပွားရေးကို မောင်းနှင်ပေးနေတဲ့ အဓိက အုပ်စုကြီးဖြစ်တဲ့အတွက် ဒါတွေကိုလည်း ထိုးနှံ ပေးမှာ ဖြစ်ပါတယ်။ 
နောက်တစ်အုပ်စုက ဟိုတယ်၊ မိုတယ် တည်းခို ခန်းဝန်ထမ်းတွေ  အုပ်စုဖြစ်ပါတယ်။   ခရီးသွား လုပ်ငန်းတွေက   မီးခိုးမထွက်တဲ့  စက်ရုံတွေပါ။ နိုင်ငံရဲ့စီးပွားရေးကို       တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်တဲ့ နေရာတွေဖြစ်တဲ့အတွက် ကြောင့် ဒီနေရာ က   ပုဂ္ဂိုလ်တွေကိုလည်း   ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှာ ဖြစ်ပါတယ်။
နောက်အုပ်စုက အကျဉ်းထောင်တွေမှာရှိတဲ့ အကျဉ်းသားတွေနဲ့ အချုပ်သားတွေဖြစ်ပါတယ်။ ဒါကလည်း နေရာကျဉ်းကျဉ်းလေးထဲမှာ နေရတယ်။ စုစုနဲ့နေရတယ်။ ရောဂါဖြစ်ပွားရင် တစ်ဦးနဲ့ တစ်ဦး ကူးစက်နိုင်ခြေများတဲ့နေရာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုနေရာမျိုးကို       ဦးစားပေး    အုပ်စုထဲမှာ ထည့်သွင်းထားပါတယ်။
နောက်တစ်ခုက ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေဖြစ်တဲ့ ကုန်းကြောင်း၊  ရေကြောင်း၊ လေကြောင်း ဒါတွေကလည်း ကုန်စည်စီးဆင်းမှုလွယ်ကူစေရေးအတွက်   အဓိက  အရေးကြီး ပါတယ်။ အားလုံးသိတဲ့အတိုင်း အောက်ဆီဂျင်တို့၊  Mask အပါအဝင် ရောဂါကာကွယ်ရေးပစ္စည်းတွေ ဆိုရင် အဝေးပြေးကုန်တင် ယာဉ်မောင်းတွေကပဲ သယ်ယူပို့ဆောင်ပေးနေရတာ     ဖြစ်ပါတယ်။    ဒါကြောင့် အရေးကြီးတဲ့အုပ်စုထဲမှာ ပါတယ်။  သူတို့ တွေက တစ်မြို့နဲ့   တစ်မြို့ကို  ကူးသန်းသွားလာတဲ့ အခါ သူတို့ဆီကနေပြီး ရောဂါက  တစ်မြို့နဲ့  တစ်မြို့ ကို ကူးနိုင်ပါတယ်။  ဒါကြောင့်  သူတို့တွေကလည်း အရေးကြီးတဲ့ အုပ်စုထဲမှာ ပါပါတယ်။
စူပါမားကတ်နဲ့ ဈေးတွေမှာရှိတဲ့ ဝန်ထမ်းတွေ ကလည်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမှာ အခရာ ကျတဲ့နေရာမှာ  ရှိပါတယ်။   ဘာဖြစ်လို့လဲဆိုရင် ဒီလိုနေရာတွေမှာ ကျွန်တော်တို့က စားဝတ်နေရေး အတွက် သွားရတယ်၊ ဈေးဝယ်ရတယ် ဆိုတဲ့အခါ ဒီပုဂ္ဂိုလ်တွေဆီမှာ ရောဂါပိုးကာကွယ်ဖို့ လိုအပ်ပါ တယ်။ ရောဂါကာကွယ်တဲ့ ခုခံအားဓာတ်တွေ ရှိနေဖို့လိုပါတယ်။ ဒါကြောင့် ဒီအုပ်စုတွေကို ဦးစား ပေး ထိုးနှံပေးဖို့ ဖြစ်ပါတယ်။ အားလုံး ဦးတည်အုပ်စု က ၁၂ အုပ်စုဖြစ်ပေမယ့်   ကျန်တဲ့အုပ်စုတွေကို လည်း ဆက်လက်ပြီး ကိုဗစ် -  ၁၉ ရောဂါ ကာကွယ် ဆေးကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။
အဓိကဦးတည်အုပ်စုထဲမှာ    ပါဝင်တဲ့သူတွေ အကုန်လုံးကို မည်သူတစ်ဦးတစ်ယောက်မှ မကျန် ရစေအောင် ကျွန်တော်တို့ ကြိုးပမ်းပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဗဟိုကော်မတီရဲ့ လမ်းညွှန်မှု လည်းရှိပါတယ်။ နိုင်ငံတော်ရဲ့ လမ်းညွှန်မှုလည်း ရှိတယ်။ ဒီနှစ်အတွင်းမှာ ဦးတည်အုပ်စုအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ကိုဗစ်- ၁၉ ရောဂါ   ကာကွယ်ဆေးကို   ထိုးနှံပေး သွားမှာဖြစ်ပြီး လာမယ့်နှစ်အတွင်းမှာ ဦးတည်အုပ်စု အားလုံးကို ရာနှုန်းပြည့်ထိုးနှံပေးနိုင်ဖို့အတွက် အဘက်ဘက် ကနေ ဆောင်ရွက်နေတဲ့အကြောင်းကို  ဒီနေရာ ကနေ  သတင်းပေးလိုပါတယ်။
ဒီနေရာမှာ ဦးတည်အုပ်စု ၁၂ အုပ်စုဆိုပေမယ့် တစ်အုပ်စုပြီးမှ နောက်ထပ်တစ်အုပ်စု ထိုးနှံပေး မယ့် သဘောမဟုတ်ပါဘူး။  နံပါတ် (၁)အနေနဲ့ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူတွေကို ဦးစား ပေးထိုးနှံပေးတယ်ဆိုပေမယ့် ခုနက ဆေးထိုးစုရပ် တွေ ရရှိမှုအပေါ်မူတည်ပြီး ကျန်းမာရေးဝန်ထမ်း တွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ဘိုးဘွားရိပ်သာတွေ၊ အချုပ်ထောင်တွေ၊ ဘဏ်တွေ ပါတဲ့အုပ်စုတွေကို   တတ်နိုင်သမျှ   တစ်ချိန်တည်း၊   တစ်ပြိုင်တည်း ထိုးနှံပေးဖို့     ကြိုးပမ်းဆောင်ရွက်သွားမှာပါ။  အားလုံးအတွက် စီစဉ်ထားပါတယ်။ ဆေးများများနဲ့ မြန်မြန်ထိုးနိုင်ဖို့အတွက် လိုအပ်ပါတယ်။ ဒီအတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့     ထုတ်ပြန်ချက်ကို ဆက်လက်တင်ပြပေးပါမယ်။  
လတ်တလောအနေနဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံပေးတဲ့ အုပ်စုတွေရှိပါတယ်။ ဒါတွေက နံပါတ် (၁) အုပ်စုအနေနဲ့  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးတစ်မျိုးမျိုးကို အကြိမ်ပြည့် ထိုးနှံပြီး သူတွေပါ။ ဥပမာ - Covishield ကာကွယ် ဆေးကို နှစ်ခါထိုးထားတဲ့သူတွေအနေနဲ့     ဒီတစ်ခေါက် ထိုးမယ့်အထဲမှာ မပါပါဘူး။ ကိုဗစ်ရောဂါကာကွယ် ဆေး တစ်မျိုးမျိုးကို နှစ်ခါထိုးထားပြီးရင် ကာကွယ် ဆေးရဲ့  ကာကွယ်ပေးနိုင်မယ့်  အတိုင်းအတာကို ရရှိပြီးသားဖြစ်တဲ့အတွက်ပါ။ နောက် နံပါတ် (၂) အုပ်စုအနေနဲ့ လက်ရှိကိုဗစ် - ၁၉ ရောဂါ သံသယ လက္ခဏာရှိတဲ့သူတွေ၊ အဖျား ရောဂါရှိတဲ့သူတွေက  လက်ရှိကို  ကိုဗစ်ရောဂါ အရိုင်းပိုးနဲ့ ရင်ဆိုင်နေရတဲ့အချိန်ကာလဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးနှံ ပါက ထိုးနှံခံသူအတွက် အကျိုးမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ သူတို့ကို ကာကွယ်ဆေး  မထိုးနှံပေး ပါဘူး။
နံပါတ် (၃) အုပ်စုအနေနဲ့ ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေပါ။ ပြီးခဲ့တဲ့ (၆) လ အတွင်း ဓာတ်ခွဲအတည်ပြု လူနာဖြစ်ခဲ့တယ်ဆိုရင် သူ့အနေနဲ့ ဒီရောဂါကို နိုင်အောင်တိုက်ခိုက်ပြီးတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဒီရောဂါ အတွက်ကို  ပြန်လည်ပြီးခုခံပေးမယ့်  ပဋိပစ္စည်း တွေထွက်ရှိနေပြီးဖြစ်တဲ့အတွက် နောက်ထပ် (၆) လလောက်အထိ ရောဂါပိုးထပ်ဝင်နိုင်မယ့် အခွင့် အလမ်းကနည်းသွားပါတယ်။ ဒီတော့ (၆) လပြည့် တဲ့အခါ ပြန်ပြီးသတင်းပို့ပေးပါ။ ရောဂါ  အတည် ပြုတဲ့ အချိန်ကစလို့ (၆) လပြည့်ပြီးရင် ဒီအုပ်စုတွေ ကို  ကာကွယ်ဆေး ပြန်ထိုးပေးမယ့်အထဲမှာ  ပါပါ တယ်။ လတ်တလောက ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးတဲ့သူတွေကို ဦးစားပေးပြီး ကာကွယ် ပေးဖို့လိုတာ ဖြစ်ပါတယ်။              
ဒီ (၃) အုပ်စုထဲမှာ လက်ရှိရောဂါရှိတဲ့သူတွေ လည်း ဘာပဲဖြစ်ဖြစ် ခဏသည်းခံပေးပါ။ ရောဂါ ကို   နိုင်အောင်တိုက်ပါ။   (၆) လပြည့်တဲ့အခါ ကာကွယ်ဆေးထိုးနှံပေးရမယ့် စာရင်းထဲကို ပြန်ပါ သွားမှာ ဖြစ်ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာဖြစ်ပြီး (၆) လမပြည့်သေးတဲ့သူတွေလည်း (၆) လပြည့် အောင် သည်းခံပြီးစောင့်ပေးပါ။ (၆) လပြည့်ရင် ကာကွယ်ဆေးထိုးနှံပေးမှာ ဖြစ်ပါတယ်။ 
ကာကွယ်ဆေးထိုးနှံပေးမယ့်   အစီအစဉ်က အားလုံးသိရှိပြီးဖြစ်ပါတယ်။   ဇူလိုင်လအတွင်းမှာ ကာကွယ်ဆေး အရေအတွက်  ၃ သန်းရောက်ရှိပြီး ဖြစ်ပါတယ်။ ဩဂုတ်လအတွင်းမှာ   နောက်ထပ်   ၃ သန်း ထပ်မံရောက်ရှိမှာဖြစ်ပါတယ်။ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းမှာ လူဦးရေ  ၃ သန်းထိုးနှံဖို့ ရည်ရွယ်ထားပါတယ်။ ဆက်လက်ပြီး ကာကွယ် ဆေးတွေက ရောက်ရှိမှာဖြစ်ပါတယ်။ ရောက်ရှိ တဲ့အခါမှာ  ဆက်လက် သတင်းထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ 
ရောက်ရှိလာမယ့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးတွေကို သံသယမရှိစေလိုပါဘူး။  ဒီဆေးတွေ ကို ကမ္ဘာ့နိုင်ငံအများစုမှာ  ထိုးနှံပြီးဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာလည်း  အများကြီး ထိုးနှံပြီးဖြစ်ပါတယ်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်အသုံးပြုရမယ့်စာရင်းအနေနဲ့ အသိ အမှတ်ပြုထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ် ဆေးကို ထိုးနှံမှုခံယူလိုက်ပါက အကျိုးရှိမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါကလည်း မိမိကိုယ်ကို ကာကွယ်ခြင်း၊ မိမိ  မိသားစုကို  ကာကွယ်ခြင်းတွေအနေနဲ့  မိမိ ကိုယ်တိုင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ တစ်တပ်တစ်အား  ပါလိုက်တဲ့သဘောဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံထားတယ်ဆိုရင်    မိမိခန္ဓာ ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးကိုတိုက်ခိုက်မယ့်  ပဋိပစ္စည်း တွေ ရှိနေပြီ ဗိုင်းရပ်စ်ကို တိုက်ခိုက်မယ့်နေရာမှာ လည်း  မိမိခန္ဓာကိုယ်က   တစ်ထောင့်တနေရာက ပါဝင်ပြီးသားဖြစ်ပါတယ်။   လူသားတစ်ယောက် အနေနဲ့     ဒီဗိုင်းရပ်စ်ကို    တိုက်ဖျက်တဲ့နေရာမှာ ကိုယ့်ခန္ဓာကိုယ်ကြီးကလည်း  ပါဝင်ပြီးသားဖြစ်      ပါတယ်။ 
ကျွန်တော်တို့ အားလုံး ကာကွယ်ဆေးထိုးနှံထား ရင် ဒီရောဂါကြီးကို ကာကွယ်ထိန်းချုပ်တဲ့ လုပ်ငန်း စဉ်မှာ ပါဝင်ပြီးဖြစ်ပါတယ်။ ကျွန်တော် အမြဲတမ်း တင်ပြနေသလို Mask တပ်တယ်၊ လက်ဆေးတယ်၊ ခပ်ခွာခွာနေတယ်ဆိုတာက ရောဂါပိုးမဝင်အောင် လုပ်တာပါ။ တကယ်လို့ မတော်တဆ ရောဂါပိုးဝင် လာခဲ့ရင်လည်း ရောဂါပြင်းပြင်းထန်ထန် မဖြစ်ပွား ဖို့နဲ့ ဆက်လက်ပြီး ရောဂါကူးစက်မှုတွေ လျော့နည်း သွားဖို့အတွက်က  ကာကွယ်ဆေးကို  မဖြစ်မနေ ထိုးနှံထားရမှာ ဖြစ်ပါတယ်။
ဒီလိုကာကွယ်ဆေးထိုးထားခြင်းဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါပါတယ်။  အဓိက  ရောဂါ ကူးစက်မှုက  လျော့နည်းသွားမယ်။  ဗိုင်းရပ်စ်ရဲ့ သဘောက နှာခေါင်း၊ ပါးစပ်၊ မျက်လုံးက ဝင်တယ်။ အဲဒီကနေတစ်ဆင့်  ဆဲလ်ထဲကိုဝင်မယ်။ ဆဲလ်ထဲ ကနေ တစ်ဆင့် သွေးထဲကိုရောက်မယ်။ ခန္ဓာကိုယ် ဆဲလ်တွေထဲမှာ            သူပွားလို့ရသလောက်  အများကြီးပွားမယ်။ ဒီလိုပွားလို့ရှိရင် ခန္ဓာကိုယ် ထဲကနေ ပြန်လည်တုံ့ပြန်ပြီး  ရောဂါတွေဖြစ်ပါ တယ်။ ကာကွယ်ဆေးထိုးနှံထားရင် သွေးထဲမှာ   ပဋိပစ္စည်းအများစုက    ရှိနေကြပါတယ်။ ကာကွယ် ဆေးထိုးနှံထားတဲ့     ခန္ဓာကိုယ်ထဲမှာ  ပဋိပစ္စည်း အများစုကရှိနေတဲ့အတွက်         ဗိုင်းရပ်စ်ကို ဖမ်းလိုက်တယ်။ ဒီလိုဖမ်းလိုက်တဲ့အခါ ကာကွယ် ဆေး ထိုးနှံထားသူရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဗိုင်းရပ်စ် အကောင်အရေအတွက်    လျော့သွားပါတယ်။ သူကနေပြီး ထပ်မံပွားလာမယ့် ဗိုင်းရပ်စ်အကောင် အရည်အတွက်လည်း လျော့သွားမှာဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ သူ့ခန္ဓာကိုယ်က ထွက်လာတဲ့ပိုး အရေအတွက် လည်းနည်းပြီး တစ်ဖက်လူကိုလည်း ကူးစက်မှုနည်းစေတယ်။
သူ့ခန္ဓာကိုယ်ထဲမှာ ပွားနိုင်တဲ့ဗိုင်းရပ်စ် ပမာဏ လည်း လျော့သွားတဲ့အခါ ရောဂါပြင်းပြင်း ထန်ထန် ဖြစ်ပွားနိုင်တဲ့  အခွင့်အလမ်းကလည်း   အတော် လျော့နည်းသွားတယ်။ ပြောရရင် အတော် အကျိုးရှိ ပါတယ်။    ရောဂါကြောင့်သေဆုံးမှု၊   ရောဂါ နောက်ဆက်တွဲ  ခံစားရမှုတွေကို  သိသိသာသာ လျော့ကျစေပါတယ်။ 
ကူးစက်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ လျော့စေတဲ့အတွက် ပြည်သူတွေကြားမှာ ရောဂါ ဖြစ်ပွားသူနည်းသွားရင် အောက်ဆီဂျင်လိုအပ်ချက်၊ ဆေးရုံခုတင်ပြည့်နေတဲ့ကိစ္စတွေ၊       ဒါတွေ တဖြည်းဖြည်း လျော့နည်းမယ်။ ဆရာဝန်၊ ဆရာမ တွေလည်း လူနာနည်းပါးတဲ့အတွက် အရည်အသွေး ပြည့်ဝတဲ့ ကုသစောင့်ရှောက်မှုတွေကို ပိုမိုပေးအပ် လာနိုင်တဲ့အတွက် သေဆုံးမှုနှုန်းတွေ ကျဆင်းလာ နိုင်ပါတယ်။ ကျန်းမာရေးစနစ်ကို တစ်ဖက်တစ်လမ်း က ကူညီပေးရာရောက်ပါတယ်။ ဒါတွေက အကျိုးရှိ တဲ့  အချက်တွေဖြစ်ပါတယ်။  
တစ်ခုတင်ပြချင်တာက   ကာကွယ်ဆေးထိုး ပြီးရင် ကာကွယ်ရေးနည်းလမ်းတွေဖြစ်တဲ့ ပါးစပ်၊ နှာခေါင်းစည်း Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်း  ဒါတွေကို  ဆက်လက်သတိပြု လိုက်နာဖို့လိုပါတယ်။ ကာကွယ်ဆေးထိုးလိုက် တော့ ခန္ဓာကိုယ်ထဲမှာ အထူးသဖြင့် သွေးထဲမှာ တော့ကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေ အများကြီး ထွက်တယ်။ Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာ မနေလို့ မတော်တဆ ပိုးဝင်လာခဲ့ပြီဆိုရင် နှာခေါင်း၊ ပါးစပ်၊ မျက်စိထဲမှာရှိတဲ့ အချွဲလွှာထဲမှာ သူ့ကို ခုခံနိုင်တဲ့ ပဋိပစ္စည်းက  သွေးထဲမှာထက်စာရင် နည်းပါးနိုင်တယ်။ 
ဒီအခါမှာ  ဝင်လာတဲ့ပိုးကလည်း မျိုးပြောင်း ထားတဲ့ ပိုးဆိုရင်တော့ ကျွန်တော်တို့ ခန္ဓာကိုယ် ထဲကိုဝင်ဖို့ ပိုပြီးလွယ်သွားတဲ့  သဘောရှိပါတယ်။ ဝင်လာတဲ့အခါ  အဲဒီနားတစ်ဝိုက်မှာ  ပွားနေနိုင် တယ်။  ကာကွယ်ဆေးမထိုးထားဘူးဆိုရင်တော့ ခန္ဓာကိုယ်အတွင်းထဲထိဝင်ပြီး ဗိုင်းရပ်စ်က အများ ကြီး   ပွားမှာဖြစ်ပါတယ်။     ခန္ဓာကိုယ်ထဲမှာ ခုခံ အားစနစ်နဲ့တွေ့ဆုံတဲ့အခါ    မလိုလားအပ်တဲ့   ရောဂါပြင်းပြင်းထန်ထန်ခံစားရတာတွေ၊    အသက် သေဆုံးရတာတွေအထိ ဖြစ်နိုင်ပါတယ်။ 
         ဗိုင်းရပ်စ်က ဝင်လာပေမယ့် ကာကွယ်ပေးမယ့် ပဋိပစ္စည်း    အများကြီးမရှိတဲ့နေရာမျိုးဖြစ်မယ် ဆိုရင် ဥပမာ - နှာခေါင်းဆိုရင် အထဲမှာ Nasal Sinus ဆိုတဲ့  အခေါင်းရှိနေတယ်။  အဲဒီအထဲမှာ အမြှေးပါးရှိနေတော့ ဒီအမြှေးပါးမှာ ဗိုင်းရပ်စ်က ဝင်လွယ်တယ်။   မျိုးပြောင်းတဲ့ပိုးဆိုရင်   ပိုပြီး ဝင်လွယ်တယ်။ ဒီနေရာမှာ ပိုးကဝင်ပြီး ပွားနေနိုင် တယ်။  ဒီလူက  ကာကွယ်ဆေးထိုးထားပေမယ့် သူ့ဆီက နှာခေါင်း၊ အာခေါင် တို့ဖတ်ယူ လိုက်ရင် ပိုးတွေ့နိုင်တယ်။ Positive ဖြစ်သွားတယ်။ ကာကွယ်ဆေးထိုးထားတယ်။ ထိုးထားလျက်သားနဲ့ ပိုးဝင်တယ်။  ဒါကို  Breakthrough Infection ဖြစ်တယ်လို့ခေါ်ပါတယ်။ 
ကာကွယ်ဆေးမထိုးထားရင်တော့ ခန္ဓာကိုယ် ထဲမှာ အများကြီးပွားသွားမယ်။ ရောဂါပြင်းပြင်း ထန်ထန် ဖြစ်သွားမယ်။ ဆေးထိုးထားတဲ့အခါမှာ တော့ နှာခေါင်းပါးစပ်ကဝင်ပြီး အဲဒီအနားမှာဘဲ ပွားနေတယ်။ သူ့လိုလူဆီက အသက်ရှူလိုက်တိုင်း၊ ချောင်းဆိုးနှာချေတိုင်း     ပိုးကထွက်နိုင်တယ်။ ပမာဏနည်းတယ်ဆိုပေမယ့်    တစ်ဖက်သားက Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာမနေရင် သူ့ဆီက ပိုးပြန့်သွားနိုင်တယ်။ Breakthrough Infection ဆိုပြီး နိုင်ငံတကာမှာလည်း  တွေ့လာရတဲ့အနေ အထား ဖြစ်ပါတယ်။ ဒါကို အမေရိကန်နိုင်ငံ CDC က ဇူလိုင်လ ၂၇ ရက်မှာ ထုတ်ပြန်ထားတယ်။ ကာကွယ်ဆေးထိုးပြီးပေမယ့် အများပြည်သူနေရာ တွေက အဆောက်အအုံအခန်းတွင်းတွေ၊ ရုံးတွေ၊ ကျောင်းတွေလို နေရာမျိုးတွေမှာ Mask ပြန်တပ်ပါ။ Breakthrough Infection တွေကို ကာကွယ်နိုင် ရန်ဖြစ်ပါတယ်။ 
ကာကွယ်ဆေးလွှမ်းခြုံနိုင်မှုကို တဖြည်းဖြည်း တက်အောင်  ကြိုးစားရမှာဖြစ်ပါတယ်။ ဒီကြား ထဲမှာ   ကာကွယ်ဆေးထိုးပြီးသူဖြစ်ရင်လည်း ကိုယ်က   ပိုးသယ်ဆောင်တဲ့သူ   မဖြစ်အောင်၊ ကိုယ့်ကိုယ်ကိုလည်း ပိုစိတ်ချရအောင် Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းကို မစွန့်လွှတ် ကြပါနဲ့။ ပုံမှန်အားဖြင့်    ဆေးတစ်ကြိမ်နဲ့တစ်ကြိမ်က တစ်လလောက်ခြားတယ်။ နောက်ဆုံးတစ်ကြိမ် အပြီး နှစ်ပတ်လောက်ကြာမှ ကိုယ်ခံအားအပြည့် အဝရတယ်။   ဒီအချိန်မှာလည်း   ကိုဗစ် - ၁၉ စည်းကမ်းတွေကို    ဆက်လက်လိုက်နာပေးကြဖို့ ပန်ကြားလိုပါတယ်။ 
ကာကွယ်ဆေးနဲ့ပတ်သက်ပြီး သတင်းတွေ လည်း အမျိုးမျိုးထွက်နေပါတယ်။ ဒါတွေကို မယုံ ကြပါနဲ့။ နိုင်ငံတကာမှာ အများကြီးထိုးနှံပြီးသား ဆေးတွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြု ပြီး ဆေးတွေကို တင်သွင်းထိုးနှံတာဖြစ်တဲ့အတွက် စိတ်ချရပါတယ်။ ယုံယုံကြည်ကြည်နဲ့  ထိုးနှံကြဖို့ လိုပါတယ်။ ရေရှည်မှာ ကိုဗစ် - ၁၉ ကို အကောင်း ဆုံးရင်ဆိုင်မယ့် နည်းလမ်းက ကာကွယ်ဆေးထိုး ခြင်း ဖြစ်ပါတယ်။ 
နောက်တစ်ခုက ကာကွယ်ဆေးထိုးနှံရေးကို ဆောင်ရွက်တဲ့အခါမှာ လူ့စွမ်းအားအရင်းအမြစ် တွေ အများကြီးလိုပါတယ်။ မိမိတို့တတ်တဲ့ပညာနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့၊ အငြိမ်းစားဆေး ပညာရှင်တွေဆိုရင်  အသက် ၆၀ အထက်တွေ ဖြစ်နိုင်ပါတယ်။ အသက် ၆၀ အထက်ဖြစ်တယ်၊ စေတနာ့ဝန်ထမ်းလည်းဖြစ်တယ်ဆိုရင် သူတို့ကို ကာကွယ်ဆေးထိုးနှံပေးမှာ ဖြစ်ပါတယ်။ ခန္ဓာဗေဒ နားလည်တဲ့အခါ   ကိုယ်ထိုးနှံလိုက်တဲ့ဆေးရဲ့ အအေးလမ်းကြောင်းမပျက်အောင်     ဘယ်လို ထိန်းသိမ်းရတယ်၊   ဆေးကို   အပ်နဲ့စုပ်တဲ့အခါ ဘယ်လို စုပ်ရတယ်၊ ဘယ်လိုထိုးရတယ်၊ ထိုးပြီးတဲ့ အခါ နာရီဝက်စောင့်ကြည့်တယ်။ ဒီလိုနေရာတွေမှာ ဆေးပညာတတ်ကျွမ်းထားတဲ့   ပုဂ္ဂိုလ်တွေက၊ အငြိမ်းစားဖြစ်တဲ့အခါ တစ်သက်တာလုံးစာတွေ့၊ လက်တွေ့အများကြီး ကျော်ဖြတ်လာခဲ့ပြီးဖြစ်လို့ ဆေးပညာလောကမှာ ကျွန်တော်တို့ လေးစားရတဲ့ ဆရာကြီး၊ ဆရာမကြီးတွေဖြစ်ပါတယ်။ အငြိမ်းစား သားဖွားဆရာမကြီးတွေဆိုရင်လည်း   ဆေးကို ကောင်းကောင်းထိုးနှံနိုင်တယ် ၊  ကျွမ်းကျင်မှုရှိတယ်။ အဲဒီလို   ပုဂ္ဂိုလ်မျိုးတွေက  တစ်ဖက်တစ်လမ်းက ကူညီလို့ရပါတယ်။ 
နောက်တစ်ခုက  ပြင်ပဆရာဝန်တွေရှိတယ်။ ပုဂ္ဂလိက   ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆေးပညာ ရှင်တွေ၊      တတ်ကျွမ်းတဲ့ပုဂ္ဂိုလ်တွေကလည်း တစ်ဖက် တစ်လမ်းက ကူညီပေးကြပါ။ ကူညီပေးဖို့ လည်းလိုပါတယ်။ နောက်ပြီး ကျန်းမာရေး ဝန်ကြီး ဌာနရဲ့     ဆေးနဲ့ဆေးနှီးနွှယ်တက္ကသိုလ်တွေရှိပါ တယ်။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်၊    ဆေးတက္ကသိုလ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမတွေ၊ တက် ရောက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ဒုတိယ နှစ်အထက်ရောက်ပြီဆိုရင် ခန္ဓာဗေဒကို အတော် လေးနားလည်နေပါပြီ။ ဉာဏ်ရည်ထက်မြက်သူတွေ လည်းဖြစ်တဲ့အတွက်    ကာကွယ်ဆေးထိုးစုရပ် တွေမှာ  ကူညီပေးနိုင်တဲ့သူတွေ  ဖြစ်တဲ့အတွက် တစ်ဖက်တစ်လမ်းက ကူညီလို့ရပါတယ်။
နောက်တစ်ခုက သူနာပြုသားဖွားသင်တန်း ကျောင်းတွေ ရှိပါတယ်။ သူနာပြုတက္ကသိုလ် ၂ ခု၊ သူနာပြုသားဖွားသင်တန်းကျောင်း  ၅၀  လောက် ရှိပါတယ်။ အဲဒီမှာတက်ရောက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေလည်း    တစ်ဖက်တစ်လမ်းက ကူညီပေးကြဖို့လိုပါတယ်။ အမျိုးသားရေးဖြစ်တဲ့ အတွက် အငြိမ်းစားတပ်မတော်ဆေးဝန်ထမ်းတွေ ကလည်း     ဆေးပညာကို   နားလည်တယ်၊    ဆေး အကြောင်းကိုလည်းသိတယ်၊ ခန္ဓာကိုယ်အကြောင်း ကိုလည်း နားလည်တယ်၊ အပ်ကိုလည်း ကိုင်ဖူးတဲ့ သူတွေဖြစ်တယ်။  ဒီလိုပုဂ္ဂိုလ်မျိုးတွေက   သူ့ရဲ့ ကျွမ်းကျင်မှုအလိုက် ကူညီပေးလို့ရပါတယ်။ 
အကြမ်းဖျင်းတင်ပြရရင်  ကာကွယ်ဆေးထိုး စုရပ်တစ်ခုမှာ  လူ ၁၀ ဦးလောက်  လိုပါတယ်။ စစချင်း ဝင်တဲ့နေရာမှာ  Social  Distancing ၆ ပေအကွာရဖို့ လိုပါတယ်။ Mask တပ်လာရမယ်။ ခပ်ခွာခွာနေရမယ်   ဒီလိုနေရာမျိုးမှာ ဆေးပညာ မတတ်ရင်တောင် စနစ်တကျတန်းစီဖို့ ကူညီပေးလို့ ရပါတယ်။    စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်မှာ ဖြစ်ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ တစ်ယောက်၊ နှစ်ယောက်လောက်ရှိမယ်။ 
နောက်ပြီး   ဆေးထိုးဖို့   မှတ်ပုံတင်တဲ့နေရာ၊ စာရင်းသွင်းတဲ့နေရာမှာလည်း  နှစ်ယောက်လောက် လိုပါတယ်။ ကာကွယ်ဆေးမထိုးခင်မှာ  အဖျားတိုင်း တာ၊   သွေးပေါင်ချိန်တိုင်းတာ၊   အောက်ဆီဂျင် တိုင်းတာ၊  ဆေးထိုးခါနီးမှာ ဘာရောဂါအခံတွေ ရှိသလဲဆိုတဲ့   ပုံစံဖြည့်တာ     ဒီလိုနေရာမျိုးမှာ နှစ်ယောက်လောက်လိုတယ်။  ဆေးထိုးစားပွဲကို ရောက်ပြီဆိုရင်   ဆေးထိုးပေးတဲ့   ကျန်းမာရေး ဝန်ထမ်းနှစ်ယောက်လောက်လိုပါတယ်။ ဆေးထိုး ပေးတဲ့နေရာမှာ နှစ်ယောက်၊    ဆေးထိုးပြီးရင် စာရင်းမှတ်ဖို့၊ ဆေးပုလင်းခွံသိမ်းဖို့  တစ်ယောက် လောက်လိုတယ်။ ဆေးထိုးပြီး မိနစ် ၃၀ စောင့်တဲ့ နေရာမှာလိုတယ်၊ အားလုံးပေါင်းလိုက်ရင် ဆေးထိုး စုရပ်တစ်ခုမှာ     ၇  ယောက်ကနေ  ၁၀ ယောက် လောက်လိုပါတယ်။
ဒီလိုနေရာမျိုးတွေမှာ  ကိုယ်တတ်နိုင်တဲ့ဘက် ကနေ  ဝိုင်းဝန်းကူညီမယ်ဆိုရင်  ကာကွယ်ဆေးထိုး လုပ်ငန်းက   အချိန်တိုအတွင်းမှာ   လူများများကို ထိုးနှံနိုင်မယ်။   ကာကွယ်ဆေးရဲ့   လွှမ်းခြုံနိုင်မှု ပိုကောင်းလာမယ်၊ စနစ်တကျဖြစ်မယ်၊  အောင်မြင် မှာဖြစ်ပါတယ်။    ဒီတော့   အားလုံးဝိုင်းဝန်းပြီး ပူးပေါင်းကူညီဆောင်ရွက်ကြပါလို့  ဒီနေရာကနေ ပြောကြားလိုပါတယ်။ 
အစီအစဉ်မှူး    ။    ။    ဆရာ့အနေနဲ့  ဖြည့်စွက်ပြော 
            ကြားလိုတာရှိရင်   ပြောကြား ပေးပါ။ 
ဒေါက်တာသန်းနိုင်စိုး    ။    ။    အခု        ကျွန်တော်  
            တင်ပြ   သွားတာက ကိုဗစ် - ၁၉ ရောဂါ   ကာကွယ်ရေးမှာ   အလွန် အရေးကြီးတဲ့ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းပါ။ ကာကွယ်ရေးလုပ်ငန်းတွေထဲမှာ  မေ့ပစ်လိုက်လို့ မရတာက  Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်း ဖြစ်ပါတယ်။ ဒါကတော့ ပူးတွဲပြီး လုပ်ဆောင်ရ မှာဖြစ်ပါတယ်။  ခုနတင်ပြခဲ့သလိုပဲ   ကိုဗစ် - ၁၉ ကာကွယ်ဆေးကို   နှစ်ကြိမ်ပြည့်ထိုးနှံပြီးပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ကို   နှိမ်နင်း နိုင်တဲ့   ပဋိပစ္စည်းတွေထွက်တဲ့အခါ   ဒီရောဂါကို ခန္ဓာကိုယ်က တိုက်ဖျက်ဖို့အတွက်  အဆင်သင့်ဖြစ် နေတဲ့သူတစ်ယောက် ဖြစ်သွားပြီ။    ဒါကြောင့် ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ 
နောက်တစ်ခုက    ကမ္ဘာပေါ်မှာ   ချမ်းသာတဲ့၊ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ  ကာကွယ်ဆေး လွှမ်းခြုံမှုတွေ ကောင်းတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကာကွယ်ဆေး လွှမ်းခြုံမှုက  နည်းနေသေးတယ်။   ကာကွယ်ဆေး လွှမ်းခြုံမှုကောင်းပြီဆိုပေမယ့်လည်း  တစ်ဖက်က မျိုးပြောင်းတဲ့ဗိုင်းရပ်စ်တွေ    ပြန်ဝင်လာတဲ့အခါ သူတို့အနေနဲ့လည်း ကာကွယ်ရေးနည်းလမ်းတွေကို ပြန်လိုက်နာပါဆိုပြီး လမ်းညွှန်ချက်တွေ  ထုတ်ပြန် ရပါတယ်။  ဒီသဘောတရားက အင်္ဂလိပ်ဆိုရိုးစကား တစ်ခုရှိပါတယ်။ ကူးစက်ရောဂါမှာလည်း အရေးကြီး ပါတယ်။ No-one is safe until everyone  is safe  ဆိုတဲ့စကားရှိပါတယ်။ အဲဒါက   အကုန်လုံး    လုံခြုံ စိတ်ချမှုမရသေးရင်  မည်သူတစ်ဦးတစ်ယောက်မှ လုံခြုံစိတ်ချမှုမရဘူး  အထူးသဖြင့် ကူးစက်ရောဂါနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။
နိုင်ငံကြီးတွေမှာ      ကာကွယ်ဆေးလွှမ်းခြုံမှု အားကောင်းတယ်၊  သူတို့  ထိုးနှံထားပြီးပြီဆိုသော် လည်း    တစ်ဖက်က   ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ လူအုပ်စုတွေထဲမှာ   ဗိုင်းရပ်စ်က    ကူးစက်မှုတွေ ဆက်တိုက်ဖြစ်နေရင်  အဲဒီမှာ မျိုးဗီဇကပြောင်းသွား မယ်။   မျိုးပြောင်းတာက   နောက်ဆုံးမှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေကို ပြန်ဝင်မှာပဲ။ ကမ္ဘာကြီးက အခုအချိန်မှာ ရွာကြီးလိုဖြစ်နေတာ၊   ဝင်ရင်   သူတို့ထိုးထားတဲ့ ကာကွယ်ဆေးတွေကလည်း         ထင်သလောက် မကာကွယ်နိုင်တော့ဘူး ဖြစ်လာမယ်။   ဒီလိုဖြစ်နေ တော့ ကမ္ဘာမှာလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေကို   ပိုပြီး ထိုးနှံပေးရမှာ ဖြစ်လာပါတယ်။
တစ်ကမ္ဘာလုံးမှာရှိတဲ့  ဦးတည်လူအုပ်စုတွေကို အကုန်လုံးထိုးနှံပြီးပြီဆိုရင် ဒီရောဂါကို  အမြစ်ဖြတ် နိုင်မလားဆိုတဲ့    မျှော်လင့်ချက်က   အဲဒီအချိန်မှာ စဖြစ်လာတယ်။   ကမ္ဘာမှာလည်း     ဒီလိုဖြစ်နေတဲ့ အချိန်၊  မြန်မာနိုင်ငံမှာလည်း   မိဘပြည်သူတိုင်း၊ ညီအစ်ကို   မောင်နှမတိုင်းက   ဒီကာကွယ်ဆေးကို ရထားမယ်ဆိုရင်   ကျွန်တော်တို့  အသိုက်အဝန်း၊ မြို့ရွာတွေအကုန်လုံးက  ဒီရောဂါအတွက်ကို လုံခြုံ စိတ်ချမှု ရှိလာမယ်။ 
မြန်မာနိုင်ငံအနေနဲ့လည်း   No-one is safe until everyone is safe    အကုန်လုံး   လုံခြုံမှ၊ တို့တွေလည်း လုံခြုံမယ်။  ဒီလိုပဲ ကမ္ဘာကြီးတစ်ခုလုံး က   မျိုးပြောင်းတာတွေကို   ကာကွယ်ပေးနိုင်မယ်၊ လုံခြုံမှာဖြစ်ပါတယ်။   ဒါကြောင့် ကာကွယ်ဆေး ထိုးနှံရေးက   အရေးကြီးပါတယ်။ ကျွန်တော်တို့ အားလုံး အမျိုးသားရေးအသွင်နဲ့ တစ်ဦးတစ်ယောက် ချင်း ပါဝင်ထိုးနှံပေးဖို့ လိုပါတယ်။ ထိုးနှံတဲ့ လုပ်ငန်း တွေကို ဝိုင်းဝန်းကူညီလိုက်မယ်၊ မြန်မြန်ဆန်ဆန် ဦးတည်လူအုပ်စုတွေပြည့်သွားရင်    လုံခြုံစိတ်ချမှု တွေ ရပြီဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ဒီရောဂါ ကို  ကာကွယ်နိုင်ဖို့   ကာကွယ်ဆေးထိုးကြပါစို့လို့ ဒီနေရာကနေ ထပ်မံတိုက်တွန်းလိုက်ရပါတယ်။