ကာကွယ်ဆေးထိုး သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်အတွက် Digital Government Award ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ  ၁၂ 


မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးလုပ်ငန်းများ စနစ်တကျ စီမံခန့်ခွဲရေးအတွက်   အထောက်အကူဖြစ်စေရန် တပ်မတော်(ကြည်း၊ရေ၊လေ) သတင်းနှင့် နည်းပညာ ဌာန၏ ကူညီပံ့ပိုးမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုလျက်ရှိသည့်  ကာကွယ်ဆေးထိုး သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်    (Vaccination Management Information System-VMIS)သည် Asian-Oceanian Computing Industry Organi-zation (ASOCIO) အဖွဲ့အစည်းမှ ၂၀၂၁ ခုနှစ်အတွက် ပြုလုပ်သည့် ASOCIO ICT Award တွင် Digital Government Award ရရှိခဲ့သည့်အတွက် ယနေ့ ညနေ ၆ နာရီတွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ ပြုလုပ်ရာ      အခမ်းအနားသို့        ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဒေါက်တာသက်ခိုင်ဝင်းက Video Message ဖြင့်   မိန့်ခွန်းပေးပို့ပြောကြား၍ ကျန်းမာရေးဝန်ကြီးဌာနနှင့်  တပ်မတော် (ကြည်း၊ ရေ၊လေ) သတင်းနှင့် နည်းပညာဌာနမှ တာဝန်ရှိသူ များက Videoconference မှတစ်ဆင့် တက်ရောက် ခဲ့ကြသည်။ 

 


အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ကြိုတင် ပေးပို့ထားသည့်         ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာသက်ခိုင်ဝင်း၏ မိန့်ခွန်း   video   file  ကို  ဖွင့်လှစ်ပြသခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ကျန်းမာ ရေးဝန်ကြီးဌာနအား Digital Government Award ချီးမြှင့်ပေးသည့် ASOCIO အဖွဲ့အစည်းအား ကျေးဇူး တင်ရှိကြောင်း၊  မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက် ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများအနက် ကာကွယ်ဆေးထိုးလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက် ရှိပြီး လူမျိုး၊ ကျား/မ၊ ဘာသာ၊ လူနေမှုအဆင့်အတန်း၊ နိုင်ငံရေးဆက်နွှယ်မှု    စသည့်အချက်များအပေါ် မူတည်ခွဲခြားခြင်းမရှိဘဲ     ကာကွယ်ဆေးထိုးနှံမှု စီမံချက် (National Deployment Plan) အရ အကျုံးဝင်သူများအားလုံး     တစ်ယောက်မကျန် ကာကွယ်ဆေး အကြိမ်ပြည့်ရရှိရန် ဆောင်ရွက်လျက် ရှိကြောင်းနှင့် ယခုကဲ့သို့ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းတွင် ICT နည်းပညာ၏ အထောက်အကူကို ရရှိခဲ့သည့်အတွက် ကိုဗစ်-၁၉ အလွန်ကာလတွင်လည်း     မြန်မာပြည်သူများ၏ ကျန်းမာရေးဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ICT နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးပြုသွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 


ASOCIO အဖွဲ့အစည်းသည် အာရှနှင့်သမုဒ္ဒရာ ဒေသအတွင်းရှိ နိုင်ငံများအတွင်း Information and Communications Technology-ICT နည်းပညာများ ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းဖြင့် ကုန်ထုတ် စွမ်းအား၊ အသက်မွေးဝမ်းကျောင်း၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများ တိုးမြှင့်လာစေရန် ရည်ရွယ် ပြီး ၂၀၂၁ ခုနှစ်တွင် ICT နည်းပညာ အသုံးပြုမှု အမျိုး အစား(၅)ခု ဖြစ်သော - (၁) ASOCIO Outstanding Tech Company Award ၊ (၂) ASOCIO Outstanding User Organization Award၊ (၃) ASOCIO Digital Government Award ၊ (၄) ASOCIO EdTech Award နှင့် (၅) ASOCIO Health Tech Award တို့ဖြင့် အဖွဲ့ဝင် ၂၄ နိုင်ငံမှ အမျိုးအစားအလိုက်  ပါဝင် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့၍   ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်  ASOCIO  အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှတစ်ဆင့်  VMIS  စနစ်ကို  2021 ASOCIO  ICT Award အတွက်   ပါဝင်ခဲ့ခြင်း ဖြစ်ရာ  Digital  Government  Award  ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်