
ရောက်ရှိလာသည့် ကာကွယ်ဆေးများ ထိုးနှံရေးဆောင်ရွက်ရာတွင် First Dose ကို အမြန်ဆုံးထိုးနှံပြီး ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများကိုလည်း အချိန်မီထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ထိုးနှံပေးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသော်လည်း ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထိုးနှံနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၃-၇-၂၀၂၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)