ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းနေသေးသော တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် ကျေးလက်ဒေသအထိ ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံပေးရန် လိုအပ်

 

နေပြည်တော်   ဧပြီ   ၁


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ    အရှိန်အဟုန်တိုးမြှင့်ထိုးနှံ နိုင်ရေး  ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျန်းမာ ရေးဝန်ကြီးဌာန  အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 


အစည်း     အဝေးတွင် ပြည်ထောင်စုဝန်ကြီး  ပါမောက္ခ ဒေါက်တာ     သက်ခိုင်ဝင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး / ပြည်နယ်များ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို ၂၀၂၁ ခုနှစ်  နှစ်ကုန်တွင် ရည်မှန်းလူဦးရေ၏ ၅၀  ရာခိုင် နှုန်းကျော်     ထိုးနှံပေးနိုင်ခဲ့ပြီး ၂၀၂၂  ခုနှစ်    ဧပြီလကုန်တွင် ရည်မှန်းလူဦးရေ၏ ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေးအတွက် အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိပါကြောင်း၊         ကာကွယ်ဆေး လွှမ်းခြုံမှုအားကောင်းခဲ့၍ စတုတ္ထ လှိုင်းတွင်   ကိုဗစ်-၁၉   ရောဂါ ဖြစ်ပွားမှုနှုန်းနှင့်        သေဆုံးမှု လျော့နည်းခဲ့ခြင်းပြီး  ဖြေလျှော့ မှုများဖြစ်သည့် လေကြောင်းလိုင်း များ   ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင် ရေးအတွက် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ စတုတ္ထလှိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံး ရမှုများမှာ ကာကွယ်ဆေးအကြိမ် ပြည့်မထိုးနှံထားသူ အများစုဖြစ်ပါ ကြောင်း။ 

 


ထိုသို့   ကိုဗစ်-၁၉   ရောဂါ ဖြစ်ပွားမှုကို    အချိန်တိုအတွင်း ထိန်းချုပ်နိုင်ရေးဆောင်ရွက်ခဲ့ရာတွင်   ဦးဆောင်လမ်းညွှန်မှုများ ပေးအပ်ခဲ့သည့်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊   အနီးကပ် ကြီးကြပ်မှုများ  ပေးအပ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊    လူမှု ဝန်ထမ်း၊       ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊     အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊   ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသည့် ဌာန ဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်း များကို ကျေးဇူးအထူးပင်  တင်ရှိ ပါကြောင်း၊    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စု များတွင် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်အများစု တွင်   အောင်မြင်မှုများရရှိခဲ့သော် လည်း အချို့သော တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်ရန် လုပ်ငန်းများစွာ ကျန်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းဖြင့် ကိုယ်ခံ စွမ်းအား မြင့်မားစေပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း   ပိုးများကြောင့် ရောဂါပြင်းထန်စွာ      ဖြစ်ပွားမှု များကို ကာကွယ်နိုင်သည်ဖြစ်၍  နောင်အလားတူ ကြုံတွေ့လာနိုင် သည့် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့်       ရောဂါ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်မှုကို လည်း ကာကွယ်နိုင်စွမ်းရှိနိုင်သည် ဖြစ်ပါကြောင်း။ 

 


သို့ဖြစ်ပါ၍ ကာကွယ်ဆေးထိုး လုပ်ငန်းသည်   အထူးအရေးပါ သည့်ကဏ္ဍ    ဖြစ်သည့်အတွက် အောင်မြင်သည်အထိ   ကြိုးစား ဆောင်ရွက်ရန်   လိုအပ်ကြောင်း၊ ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်း နေသေးသော   တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့်  မိမိတို့၏ တိုင်းဒေသကြီး/   ပြည်နယ်များ အတွင်း   ကျေးလက်ဒေသအထိ ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံပေးရန် လိုအပ်ကြောင်း၊     နိုင်ငံတော် အနေဖြင့်    ဝယ်ယူလှူဒါန်းရရှိ ထားသည့်    ကာကွယ်ဆေးများ    ဖြစ်သည့်အတွက်        အလေအလွင့် မရှိ ထိရောက်စွာ  ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေး လွှမ်းခြုံမှု ၅၀ ရာခိုင်နှုန်းအောက် လျော့နည်းနေသော မြို့နယ်များ ကို  ဆန်းစစ်၍      ကာကွယ်ဆေး လွှမ်းခြုံမှု  ပိုမိုတိုးမြှင့်ရန်အတွက် ကာကွယ်ဆေးများ   အဆင်သင့် ရှိပြီးဖြစ်သဖြင့်    ကျန်းမာရေး ဝန်ကြီးဌာနမှ ကာကွယ်ဆေးထိုး အဖွဲ့များနှင့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအပါအဝင်   အခြား နှီးနွှယ်ဌာနများနှင့်   ပူးပေါင်း၍ အထူးအစီအစဉ်များဖြင့်   တိုင်း ဒေသကြီး/ပြည်နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးအဖွဲ့များ၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့   တက်ရောက် လာသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊   တိုင်းဒေသကြီး/ ပြည်နယ်   ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများမှ   ဆောင်ရွက် မည့်အစီအစဉ်များနှင့် လိုအပ်ချက် များကို      တင်ပြဆွေးနွေးရန် မှာကြားသည်။ 

 


ထို့နောက်     ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသ ကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူးများက  မြို့နယ် များအလိုက် အရှိန်အဟုန်မြှင့်တင် ၍  ကာကွယ်ဆေးထိုးနှံရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ကာကွယ်ဆေးလွှမ်းခြုံမှု    ပိုမို ကောင်းမွန်စေရန် ဆောင်ရွက်မည့် အစီအမံများကို အသေးစိတ်တင်ပြ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု  ရာခိုင် နှုန်းကို တွက်ချက်ရာတွင် ရည်မှန်း လူဦးရေစာရင်း တိကျမှန်ကန်ရေး အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက် ရန်၊ အိမ်တိုင်ရာရောက် ကာကွယ် ဆေးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက် ရန်၊  အသက် (၁၈)  နှစ်အောက် ပြည်သူလူထုများ၊ ကျောင်းသား ကျောင်းသူများ  ကာကွယ်ဆေး ဆက်လက်ထိုးနှံနိုင်ရေး     စီမံ ဆောင်ရွက်ရန်၊  ကာကွယ်ဆေး ထိုးလွှမ်းခြုံမှုကောင်းမှသာ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှု   လျော့ကျ လာမည်ဖြစ်ပြီး ဖြေလျှော့မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကာ  လူမှု စီးပွားဘဝတိုးတက်ရေးနှင့် ပညာ ရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက် နိုင်မည်ဖြစ်၍ အလွန်အရေးကြီး ပါကြောင်း၊   ကာကွယ်ဆေးထိုး မှတ်တမ်းများအား VMIS  စနစ် တွင် ရေးသွင်းထားပြီး  ကာကွယ် ဆေးထိုးကတ်ပြားများ စနစ်တကျ ထုတ်ပေးရန်နှင့် ကာကွယ်ဆေး ထိုးကတ်ပြားများ    ကိုင်ဆောင် ထားခြင်းဖြင့်   ပြည်သူများအနေ ဖြင့်  ခရီးသွားလာရေး  စသည့်တို့ တွင် အကျိုးရှိပုံကို   ပြည်သူများ အား အသိပေးရန်တို့အား  ဆွေးနွေး သည်။

 


အစည်းအဝေးသို့    ဒုတိယ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊    တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းမှ စီမံ ချက် မန်နေဂျာနှင့်    တာဝန်ရှိ ပုဂ္ဂိုလ်များ      တက်ရောက်ခဲ့ကြ ပြီး       ပြည်ထောင်စုနယ်မြေ နေပြည်တော်၊   တိုင်းဒေသကြီး/ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက  Virtual  စနစ်ဖြင့် တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။                


သတင်းစဉ်