ကာဗွန်ထုတ်လုပ်မှုကို ၄၅ ရာခိုင်နှုန်း လျှော့ချပေးသည့် အီးဖရီးမီးဖိုထုတ်လုပ်မှုကို မြန်မာနိုင်ငံနှင့် အိန္ဒိယ၊ ကိုရီးယားနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နေ

 

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော ဖန်လုံအိမ်ဖြစ်စဉ်ကိုဖြစ်ပေါ်စေသည့် လေထုအတွင်း ကာဗွန်ထုတ်လုပ်မှုကို လျော့ကျစေရန် ထင်းကိုစွမ်းအင် အဖြစ်   အသုံးပြုနေကြသည့်   ကျေးလက်ဒေသတို့တွင်  ကာဗွန်ထုတ်လုပ်မှုကို ၄၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်သော ကျေးလက်နေပြည်သူများအတွက် အီးဖရီးမီးဖိုကို မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့ ပူးပေါင်းထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ 
ကျေးလက်ဒေသတို့တွင် ဖိုခနောက်ဆိုင်မီးဖိုဖြင့် ထင်းကို   နေ့စဉ်အသုံးပြုရာ၌   ကာဗွန်ထွက်ရှိမှုမှ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်စေရန် မြန်မာနိုင်ငံ စဉ့်အသင်းဝင်တို့က အီးဖရီးမီးဖိုကို   ရန်ကုန်မြို့    တွံတေး၊ မန္တလေး ကျောက်မြောင်းနှင့်           အင်းလေးဒေသတို့မှ    ကျေးလက်နေမိသားစု       ခုနစ်သန်းအတွက်    ထုတ်လုပ်လျက်ရှိသည်။     ၂၀၂၁    ခုနှစ်တွင် ကျေးလက်မိသားစု    တစ်သန်းရှစ်သိန်း   ခုနစ် သောင်းအတွက်    အီးဖရီးမီးဖိုများကို   အခမဲ့ ဖြန့်ဝေပေးနိုင်ခဲ့ပြီး ထုတ်လုပ်မှုစရိတ်ကို   ကုလသမဂ္ဂ နှင့် ချိတ်ဆက်အောင်ရွက်သည့် အိန္ဒိယနှင့်   ကိုရီးယား နိုင်ငံတို့မှ  ထောက်ပံ့လျက်ရှိသည်။ မြန်မာနိုင်ငံ၌ ထုတ်လုပ်သော         ကာဗွန်လျော့ကျစေသည့် သက်တမ်းနှစ်နှစ်ရှိ          အီးဖရီးမီးဖိုများကို   ကိုရီးယားနိုင်ငံ   ကလိုင်းမင့်ချိန်းအဖွဲ့က  ကြီးကြပ်၍   ဝန်ကြီးဌာနနှစ်ခုနှင့်     ပူးပေါင်းကာ   ဖြန့်ဝေပေး လျက်ရှိပြီး  ထိုသို့အီးဖရီးမီးဖို    ထုတ်လုပ်မှုတွင်  မြန်မာနိုင်ငံစဉ့်အသင်း၊     ဝန်ကြီးဌာနနှစ်ခုနှင့်    မြန်မာနိုင်ငံ၌   ကာဗွန်လျှော့ချ  ထုတ်လုပ်နိုင်မှု အတွက်  ၃၀ ရာခိုင်နှုန်းတို့ကို နိုင်ငံတော်မှ ဝင်ငွေရရှိ ကာ အိန္ဒိယနှင့် ကိုရီးယားနိုင်ငံတို့မှ   ကလိုင်းမင့်ချိန်း အဖွဲ့အနေဖြင့်လည်း ဝင်ငွေရရှိကြောင်း သိရသည်။ 
ကုလသမဂ္ဂက မြန်မာနိုင်ငံတွင် ကာဗွန်လျှော့ချ သော မီးဖိုကို နှစ်ပေါင်း ၃၀ အသုံးပြုနိုင်ရန် ရည်မှန်း ထားပြီး ထိုသို့  စဉ်ဆက်မပြတ်    အသုံးပြုခြင်းဖြင့် မြန်မာ့ရာသီဥတု    ပုံမှန်အခြေအနေကို   ပြန်လည် ရရှိမည်ဖြစ်ရာ     အဆိုပါ    ပရောဂျက်ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မီးဖို၏ အရည်အသွေးကို   UNFCCC   က   သတ်မှတ်ပေး ထားခြင်းဖြစ်ပြီး ထိုသို့ထုတ်လုပ်နိုင်ရန် သတ်မှတ် ပေးထားသော အဖွဲ့ပေါင်းတစ်ကမ္ဘာလုံးတွင် မြန်မာ နိုင်ငံအပါအဝင် ရှစ်ဖွဲ့ရှိ၍ ထိုပရောဂျက်၌  အီးဖရီး မီးဖိုထုတ်လုပ်နိုင်ရန်  မြန်မာနိုင်ငံ   စဉ့်အသင်းက ၂၀၁၃ ခုနှစ်တွင် သုတေသနစမ်းသပ်မှုကို စတင် လုပ်ဆောင်ခဲ့ရာ  မီးဖုတ်၍  ထုတ်လုပ်ရန်မလိုသောထုတ်လုပ်မှုကို    မြန်မာနိုင်ငံ၌    ၂၀၁၈  ခုနှစ်တွင် UNFCCC   မှ   ထုတ်လုပ်ခွင့်ပြုခဲ့၍     အိန္ဒိယနိုင်ငံနှင့်  စတင်ပူးပေါင်း  လုပ်ဆောင်ခဲ့ပြီးနောက်   ကိုရီးယား နိုင်ငံနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်ခဲ့သည်။
၂၀၁၈  ခုနှစ်တွင်    မြန်မာနိုင်ငံ   ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ   မူဝါဒအဖွဲ့ကို     ဖွဲ့စည်းပြီးနောက် မီးဖို ကို  တရားဝင်ထုတ်လုပ်ခွင့်ရရှိရန်   နိုင်ငံတော်သို့ တင်ပြ၍        ကျေးလက်ဖွံ့ဖြိုးရေးနှင့်     ကာဗွန် ထုတ်လုပ်မှု လျှော့ချနိုင်ရေးအတွက် အီးဖရီးမီးဖိုကို ထုတ်လုပ်ခဲ့ရာ       အိုးလုပ်ငန်းလုပ်ကိုင်သော ကျေးလက်နေပြည်သူများ   ဝင်ငွေမှန်ကို   ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၁  ခုနှစ်အထိ အီးဖရီးမီးဖို နှစ်သန်း ခန့် ထုတ်လုပ်နိုင်မှုကြောင့် ထင်းများစွာ အသုံးပြုရာ မှ အနည်းငယ်အသုံးပြုခြင်းဖြင့် မီးခိုးထွက်ရှိမှုကိုလျှော့ချနိုင်ခဲ့သည့်အပြင်  သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းနိုင်ခဲ့သည်။   ကျေးလက်ဒေသတို့တွင် ကာဗွန်ထွက်ရှိမှုကို     လျှော့ချနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံစဉ့်အသင်းအနေဖြင့်           တစ်နှစ်လျှင် အီးဖရီးမီးဖို            နှစ်သန်းထုတ်လုပ်၍      ကျေးရွာ အိမ်ထောင်စု    ခုနစ်သန်းထံ   အခမဲ့ဖြန့်ဝေနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကာ ကာဗွန်ထုတ်လုပ်မှု ၄၅  ရာခိုင်နှုန်း         လျှော့ချပေးနိုင်သည့်    အီးဖရီး မီးဖိုထုတ်လုပ်မှုကို နိုင်ငံသုံးနိုင်ငံ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။     ။

ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ- ကနူး