ကြာအင်းဆိပ်ကြီးမြို့၌ အောက်ဆီဂျင်စက်ရုံသစ် ဖွင့်လှစ်

 

ကြာအင်းဆိပ်ကြီး  အောက်တိုဘာ  ၁၆


ကရင်ပြည်နယ်  ကြာအင်းဆိပ်ကြီးမြို့ရှိ    အောက်ဆီ ဂျင်စက်ရုံသစ်ကို ပြည်နယ်ဝန်ကြီးချုပ်  ဦးစောမြင့်ဦး နှင့်   တာဝန်ရှိသူများက အောက်တိုဘာ ၁၄ ရက်    က ဖွင့်လှစ်ပေးပြီး မြို့နယ်အတွင်းမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း  ကြည့်ရှုစစ်ဆေးသည်။

 


ကြာအင်းဆိပ်ကြီးမြို့    အမှတ်  (၃)  ရပ်ကွက်    အောင်ဟိုတယ်၌ ကျင်းပသော အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲတွင်  ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြော ကြားကာ “အောင်”   အောက်ဆီဂျင်စက်ရုံ ဥက္ကဋ္ဌ ဦးသိန်းဦးကစက်ရုံနှင့် ပတ်သက်သည့် အချက်အလက် များကို ရှင်းလင်းပြောကြားသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ KNU ဒူးပလာ ယာခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းနှင့် တာဝန်ရှိသူများက အောက်ဆီဂျင်စက်ရုံသစ်ကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး     စက်ရုံအတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

 


“အောင်”   အောက်ဆီဂျင်  စက်ရုံသစ်အတွက်   တစ်နာရီလျှင် လီတာ ၄၀ ဆံ့   အောက်ဆီဂျင်အိုး လေးလုံး  ထုတ်လုပ်နိုင်သည့် တရုတ်နိုင်ငံထုတ်စက်ကို  အောင်ပိုင်မိုးမြေကုမ္ပဏီလီမိတက်က ငွေကျပ်သိန်း ၇၈၀ ဖြင့်   ဝယ်ယူမတည်လှူဒါန်းပြီး အများပြည်သူ ထည့်ဝင်လှူဒါန်းငွေကျပ်သိန်း ၄၅၀ ဖြင့် လီတာ ၄၀ ဆလင်ဒါအိုး   ၁၅၀   ကို  ဝယ်ယူ၍  ဖွင့်လှစ်ခြင်း ဖြစ်သည်။

 


ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက   မိုးစပါး ဆင်းသုခ (RC-CS)   မျိုးစေ့ထုတ်စိုက်ခင်း  မျိုးကွဲနုတ်ပယ်ခြင်း ဆောင်ရွက်မှု၊   လူဝင်မှုကြီးကြပ်ရေးနှင့်     ပြည်သူ့ အင်အားဝန်ကြီးဌာန            မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့်    အိမ်ထောင်စုလူဦးရေစာရင်းနှင့်   နိုင်ငံသားစိစစ်ရေးကတ်ပြားများ      ကွင်းဆင်းပြု လုပ်ပေးနေမှု၊  အမှတ်(၆)ရပ်ကွက် Cyclone Shelter ၌   ၂၀၂၀-၂၀၂၁   ဘဏ္ဍာနှစ်တွင်  နှစ်ခန်းတွဲအာစီ သန့်စင်ခန်းနှင့်   အများသုံး  ရေကန်ဆောက်လုပ်ပြီးစီး နေမှုနှင့် Shelter  ဘေးမြေထိန်းနံရံ        ပြုလုပ်ပြီးစီးမှု၊    မြို့နယ်ပြည်သူ့ဆေးရုံ၌      တိုးချဲ့နှစ်ထပ်ဆောင်  တည်ဆောက်ပြီးစီးမှု   စသည်တို့ကို  ကွင်းဆင်း        ကြည့်ရှုစစ်ဆေးပြီး  ကြာအင်းကရင်နှစ်ခြင်း   အသင်း တော်၌ ကြာအင်းသာသနာနယ်     သင်းအုပ်ဆရာတော် ကြီးများအား သွားရောက်ဂါရဝပြု  တွေ့ဆုံကာ ဆန်၊ ဆီနှင့်   စားသောက်ကုန်များ၊  ကိုဗစ် ကာကွယ်ရေး ပစ္စည်းများ၊  အမှတ်တရ လက်ဆောင်များ၊ အလှူငွေ များ ပေးအပ်သည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)