ဇူလိုင်လသည် ကမ္ဘာကြီး၏ အပူဆုံးလအဖြစ် စံချိန်တင်ခဲ့ကြောင်း ဥရောပအေဂျင်စီ ပြောကြား

 

ဘရပ်ဆဲလ်   ဩဂုတ်   ၉


၂၀၂၃ ခုနှစ် ဇူလိုင်လသည် ကမ္ဘာကြီး၏ အပူဆုံးလ အဖြစ်  စံချိန်တင်ခဲ့ကြောင်း  ဥရောပအေဂျင်စီက ပြောသည်။ ဇူလိုင်လ၏ တစ်ကမ္ဘာလုံးဆိုင်ရာပျမ်းမျှ အပူချိန်မှာ ၁၆ ဒသမ ၉၅ ဒီဂရီ ဆဲစီးယပ်စ် ရှိသည် ဟု ဩဂုတ် ၈ ရက်တွင် ဥရောပသမဂ္ဂ၏ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ   ဝန်ဆောင်မှု   အဖွဲ့အစည်းက ပြောသည်။ 


၂၀၁၉ခုနှစ် ဇူလိုင်လ အပူချိန်မှာ ၁၆ ဒသမ ၆၃ ရှိခဲ့ပြီး   ယင်းအပူချိန်မှာ ၁၉၄၀ ပြည့်နှစ်က အပူချိန် စံချိန်ကိုချိုးခဲ့ပြီး   အပူဆုံးနှစ်အဖြစ်   စံချိန်တင်ခဲ့ သည်။   ယခုနှစ်  ဇူလိုင်လအပူချိန်မှာ  ယင်းနှစ် အပူချိန်ထက်ပင် ပို၍တိုးလာခဲ့သည်။ ၂၀၂၃ ခုနှစ်  ဇူလိုင် ၃ ရက်မှာ အပူဆုံးနေ့ဖြစ်ခဲ့သည်။ တစ်ကမ္ဘာ လုံးဆိုင်ရာ ပျမ်းမျှအပူချိန်မှာ ၁၇ ဒသမ ၀၈ ဒီဂရီ ရှိခဲ့သည်။ 


မေလလယ်မှစတင်၍  တစ်ကမ္ဘာလုံးဆိုင်ရာ  ပင်လယ်မျက်နှာပြင်   အပူချိန်မှာ   ပုံမှန်မဟုတ်ဘဲ မြင့်တက်လာသည်ဟု   ဥရောပသမဂ္ဂ    ရာသီဥတု ဆိုင်ရာအေဂျင်စီက ပြောသည်။ ဇူလိုင် ၃၁ ရက်တွင် ပင်လယ်မျက်နှာပြင် ပျမ်းမျှအပူချိန်မှာ  ၂၀ ဒသမ ၉၆ ဒီဂရီအထိရှိခဲ့သည်။ အဆိုပါအပူချိန်မှာ ၂၀၁၆ ခုနှစ်  မတ်လက  အမြင့်ဆုံးအပူချိန်ထက်ပင် ပို၍ များပြားခဲ့သည်။ 


ပြီးခဲ့သည့်လအတွင်းကလည်း အာရှ၊ ဥရောပနှင့် အမေရိကန်   ပြည်ထောင်စုတို့တွင်   အပူလှိုင်းများ ဖြစ်ပေါ်ခဲ့သည်။    ကနေဒါနှင့်     ဂရိတို့တွင်လည်း တောမီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ လူသားတို့ ၏ အပြုအမူကြောင့်ဖြစ်ပေါ်လာသည့်  ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်ခြင်းသည်    အပူချိန်မြင့်တက် လာရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်။                                              
ဆင်ဟွာ