Junior Golf Myanmar New Year Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန်   ဇန်နဝါရီ    ၄
မြန်မာနိုင်ငံ     ဂေါက်သီးအားကစားအဖွဲ့ ချုပ်နှင့်  Junior Golf Myanmar တို့က စီစဉ်၍  SHWETE Co., Ltd က အဓိက ကူညီပံ့ပိုးသော Junior Golf Myanmar New Year Golf Tournament ဂေါက်သီး ရိုက်ပြိုင်ပွဲ ဒုတိယနေ့နှင့် ဆုချီးမြှင့်ပွဲကို  ဇန်နဝါရီ ၄ ရက်က  ရန်ကုန်မြို့ရှိ ရန်ကုန် ဂေါက်ကွင်း (တညင်းကုန်း) ၌ ဆက်လက် ကျင်းပသည်။
ပြိုင်ပွဲများအပြီးတွင်      ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ    Junior      Golf Myanmar ဥက္ကဋ္ဌ ဦးမြင့်အောင်က အဓိက ကူညီပံ့ပိုးသော    SHWETE   Co.,   Ltd မန်နေးဂျင်းဒါရိုက်တာ   ဦးရွှေတီးအား အမှတ်တရ    ဂုဏ်ပြုမှတ်တမ်းလွှာပေး အပ်ချီးမြှင့်သည်။
ထို့နောက်   SHWETE    Co., Ltd မန်နေးဂျင်းဒါရိုက်တာ       ဦးရွှေတီးက အသက် ၁၂နှစ်အောက် သက်တမ်းတွင် စုစုပေါင်းရိုက်ချက်   ၁၇၆    ချက်ဖြင့် တတိယဆုရရှိသော ကြည်စင်ထွန်းသန့် အားလည်းကောင်း၊   စုစုပေါင်းရိုက်ချက် ၁၇၁    ချက်ဖြင့်     ဒုတိယဆုရရှိသော ထူးမြတ်အောင်အား           လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၁ ချက်ဖြင့် ပထမ ဆုရရှိသော  ထွန်းထွန်းဦးအား   လည်း ကောင်း  ဆုများ  ပေးအပ်ချီးမြှင့်သည်။  ဆက်လက်၍ ရန်ကုန်ဂေါက်ကွင်း စီမံ ဥက္ကဋ္ဌ    ဦးခိုင်စိုးသာက    အမျိုးသမီး သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၇၉ ချက်ဖြင့် တတိယဆုရရှိသော ချိုသာအောင် အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၈ ချက်ဖြင့် ဒုတိယဆုရရှိသော အေးစု အောင်အားလည်းကောင်း၊     စုစုပေါင်း ရိုက်ချက် ၁၅၈ချက်ဖြင့် ပထမဆုရရှိသော မိုးပြည့်စုံခင်အားလည်းကောင်း  ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး က အသက် ၁၄ နှစ်အောက် သက်တမ်း တွင်   စုစုပေါင်းရိုက်ချက်   ၁၇၆  ချက် ဖြင့်   တတိယဆုရရှိသော    ဝေယံလင်း   အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၇ဝ  ဖြင့် ဒုတိယဆုရရှိသော ကောင်းထက် အား    လည်းကောင်း၊     စုစုပေါင်းရိုက် ချက်     ၁၆၀    ဖြင့်   ပထမဆုရရှိသော   ပြည့်စုံအောင် အားလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။    ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် နာယက   ဗိုလ်ချုပ် ဝင်းလှိုင် (ငြိမ်း)  က အသက် ၁၈ အောက် သက်တမ်းတွင် စုစုပေါင်း   ရိုက်ချက်   ၁၅၇     ချက်ဖြင့် တတိယဆုရရှိသော မင်းစစ်သွေး အား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၇    ချက်ဖြင့် ဒုတိယဆုရရှိသော ထွန်းသူရိန် အား  လည်းကောင်း၊  စုစုပေါင်းရိုက်ချက် ၁၅၁ ချက်ဖြင့် ပထမဆုရရှိသော  ဟိန်းနိုင် ဇင်အားလည်းကောင်း  ဆုများပေးအပ် ချီးမြှင့်သည်။
Junior Golf Myanmar New Year Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲကို ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) တွင်  ဇန်နဝါရီ ၃ ရက်မှ ၄ ရက်အထိ နှစ်ရက် တာ    ကျင်းပခဲ့သည်။     ယခုပြိုင်ပွဲမှာ Junior Golf Myanmar ၏ (၂၈) ကြိမ် မြောက် ကျင်းပသည့်   ပြိုင်ပွဲတစ်ပွဲဖြစ်ပြီး၊  (၂၉)  ကြိမ်မြောက်  ပြိုင်ပွဲကို  Yangon Sunday Morning Golfers Group က အဓိကကူညီ  ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုညီလေး