ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်နိုင်သည့် အယ်လ်နီညိုအခြေအနေ

 

နေပြည်တော်  ဒီဇင်ဘာ  ၂၈


၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်း ဖြစ်ပေါ်လာနိုင်သည့် အယ်လ်နီညိုအခြေ အနေကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။


အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ ၏    ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့်     လေထု ဖြစ်စဉ်များမှာ အားကောင်းသော အယ်လ်နီညို အခြေအနေတွင်    ရှိနေသည်။     နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အားကောင်းသော  အယ်လ်နီညိုအခြေအနေတွင်  ဆက်လက်တည်ရှိနိုင်ပြီး    ဖေဖော်ဝါရီလမှစတင် ၍  အယ်လ်နီညိုအခြေအနေမှာ  တဖြည်းဖြည်း ပြန်လည်လျော့ကျလာနိုင်သည်ဟု ခန့်မှန်းရသည်။


အယ်လ်နီညိုဖြစ်စဉ်သည်  ပစိဖိတ်သမုဒ္ဒရာ တွင်    ဖြစ်ပေါ်သည့်ဖြစ်စဉ်   ဖြစ်သော်လည်း အဆိုပါ   အယ်လ်နီညိုဖြစ်စဉ်ကြောင့်   အကျိုး သက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်း မှု  မူမမှန်ခြင်း၊   နေ့အပူချိန်များ  မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ   မူမမှန်ခြင်း၊   မိုးခေါင် ရေရှားခြင်း    စသည့်အစွန်းရောက်   မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။  


သို့ဖြစ်ပါ၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးအပ်ပါသည်။ အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့်အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်သည်။                                                           

မိုး/ဇလ