ဇန်နဝါရီလတွင် ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်း

 

တိုကျို  မတ်  ၃
ဂျပန်နိုင်ငံ၏  အလုပ်လက်မဲ့နှုန်းသည် ဇန်နဝါရီတွင် ကျဆင်းသွား ကြောင်း ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မတ် ၃ ရက်ကထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်၌ ဖော်ပြသည်။
ဂျပန်နိုင်ငံ၌ ဇန်နဝါရီလအတွင်း လူ ၆၆ ဒသမ ၈၉ သန်းနီးပါးကို အလုပ်ခန့်ခဲ့ကြောင်း ပြည်တွင်းရေးရာဝန်ကြီးက ပြောကြားသည်။  အဆိုပါ ပမာဏမှာ  ပြီးခဲ့သည့်နှစ်  ကာလတူကထက်   ၄၃၀၀၀၀ တိုးမြင့်လာကြောင်း သိရသည်။
ယင်းဝန်ကြီးဌာန၏   အဆိုအရ   အလုပ်လက်မဲ့နှုန်းသည် ဇန်နဝါရီလတွင် ၂ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ယခင်လက ၂ ဒသမ ၅ ရာခိုင်နှုန်းထက် အနည်းငယ်ကျဆင်းခဲ့သည်။ 
 ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ မတ် ၃ ရက်က ထုတ်ပြန်သည့် သီးခြားထုတ်ပြန်ချက်တစ်ခုတွင်  အလုပ် အကိုင်ရရှိမှု အချိုးသည် ၁ ဒသမ ၃၅ ရှိကြောင်း သိရသည်။ 
                                               

 အင်န်အိတ်ချ်ကေ