တိုကျို ဇန်နဝါရီ ၆
အင်္ဂါနေ့က  လေယာဉ်    နှစ်စင်း   တိုက်မှုအတွင်း လူသေဆုံးမှုများ ဖြစ်ပွားပြီးနောက် ဇန်နဝါရီ ၆ ရက်တွင်   တိုကျိုဟာနီဒါလေဆိပ်    ပြည်တွင်း လေကြောင်း   အဝင်အထွက်ခရီးစဉ် ၂၀၀ ကျော်ကို ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ 
ဖျက်သိမ်းလိုက်သော    လေကြောင်းခရီးစဉ် ၂၁၆ ခုအနက်  ဂျပန်လေကြောင်းလိုင်းမှ   ၁၀၀၊ အောနစ်ပွန်လေကြောင်းလိုင်းမှ ၉၆  ခု၊   စတား ဖလိုင်ယာမှ ၁၄ ခုနှင့် ဆိုလာဆက်ဒ် လေကြောင်း လိုင်းမှ ခြောက်ခုပါဝင်ကြောင်း သိရသည်။  ထို့ကြောင့် ဂျပန်လေကြောင်းလိုင်းမှ   ခရီးသည်    ၁၄၃၀၀၊ အောနစ်ပွန်လေကြောင်းလိုင်းမှ ခရီးသည် ၁၈၀၀၀ အပါအဝင် ခရီးသည် ၃၂၃၀၀ ထက်မနည်း အခက် အခဲဖြစ်ပေါ်မှုရှိခဲ့မည်ဟု ခန့်မှန်းထားသည်။
ဇန်နဝါရီ ၇ ရက်တွင်လည်း ခရီးစဉ်ဖျက်သိမ်းမှု ဆက်လက်ရှိနိုင်ကြောင်း၊  ဂျပန်လေကြောင်းလိုင်း မှ    ၉၈  ခုနှင့်    အောနစ်ပွန်လေကြောင်းလိုင်းမှ  ၉၆ ခုမှာ    ဖျက်သိမ်းထားပြီးဖြစ်ကြောင်း    သိရ သည်။    
       
အင်န်အိတ်ချ်ကေ
 
      


