ဇွန်လအတွင်းဖွင့်လှစ်မည့် သက်မွေးပညာရပ်နှင့်အတူ အထက်တန်းအဆင့် ပညာရေးမှသည် အဆင့်မြင့်တက္ကသိုလ်၊ ကောလိပ်ပညာရေးအထိ တက်လှမ်းနိုင်မည့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ

Type
99

 

နဒီမင်း၊  ဓာတ်ပုံ-နေဇော်၊ ခိုင် (သမ)

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏    အဓိကကုန်ထုတ် စွမ်းအားစုဖြစ်သည့်  လူငယ်လူရွယ်များ လုပ်ငန်းခွင် အတွင်း စွမ်းဆောင်ရည်ပြည့်ဝသော ကျွမ်းကျင်သူ၊ ပညာရှင်များဖြစ်လာ‌စေရန်  ပြုစုပျိုးထောင်ရာတွင် အတန်းပညာသာမက    သက်မွေးပညာကဏ္ဍသည် လည်း လွန်စွာမှပင် အရေးပါလှသည်။

 


ပြောင်းလဲလာသည့်  ခေတ်ရေစီးကြောင်းအရ လူငယ်၊  လူရွယ်များအနေဖြင့်  အလုပ်အကိုင်အခွင့် အလမ်းရရှိရန် အတန်းပညာနှင့်အတူ အသက်မွေး ၀မ်းကျောင်းပြုနိုင်မည့်  အတတ်ပညာရပ်တစ်ခုခု တတ်မြောက်ထားသင့်သည်။        အထူးသဖြင့် ပညာရေးအခြေခံအားနည်းသည့် လူငယ်၊ လူရွယ် များ၏   ဘဝရှင်သန်ရပ်တည်ရေးတွင်   သက်မွေး ပညာသည် ပို၍ပင်လိုအပ်လှသည်။ 

 


လက်တွေ့ကျသော  ပြုပြင်ပြောင်းလဲမှု 


နိုင်ငံတော်သည်        ပညာရေးနှင့်ပတ်သက်သည့် လက်တွေ့ကျသော                     ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိသည့်အပြင်      နိုင်ငံအတွင်းရှိ စီးပွားရေး ကုန်ထုတ်လုပ်မှုကဏ္ဍ အသီးသီးအတွက် လိုအပ်သည့်       ကျွမ်းကျင်လူငယ်လုပ်သားများ မွေးထုတ်နိုင်ရေး၊  သက်မွေးပညာသင်ကျောင်းများ နှင့်    နည်းပညာကျောင်းများအား     နိုင်ငံတစ်ဝန်း တိုးချဲ့ဖွင့်လှစ်နိုင်ရေး     အလေးထားဆောင်ရွက်လျက်ရှိသည်။ 

 


ပညာရေးနှင့် သက်မွေးပညာသင်တန်းကျောင်း များ အဆင့်အတန်းမြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်           ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အ‌ဝေးအမှတ်စဉ်  ၄ / ၂၀၂၂  တွင် -
မိမိတို့အစိုးရအနေဖြင့်  ပညာရေးနှင့် ပတ်သက် ၍ ပြုပြင်ပြောင်းလဲမှုအဖြစ် KG+9 ပညာရေးစနစ်ကို မသင်မနေရအဖြစ်           အကောင်အထည်‌ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တွင်လည်း  အဆိုပါ  ပညာရေးစနစ်နှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေး ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ယင်းစနစ်သည်  ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သည့် နှစ် ၃၀ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း တွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ KG+9  သင်ယူပြီး ပါက  KG+10,11,12  မှတစ်ဆင့် အဆင့်မြင့်ပညာရေး သို့လည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်း၊ စက်မှုလက်မှုအထက်တန်းကျောင်းအပါအဝင်        အသက်မွေးပညာသင်ကျောင်းများသို့ လည်းကောင်း   ဆက်လက်တက်ရောက် သင်ကြား နိုင်ရေး          ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊           တိုင်းဒေသကြီးနှင့်    ပြည်နယ်အလိုက်     အဆိုပါ အသက်မွေး ပညာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး  ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုကျောင်း များမှတစ်ဆင့်  ထူးချွန်ကျောင်းသားကျောင်းသူများ ကို           သက်ဆိုင်ရာတက္ကသိုလ်ပညာရပ်များ  ဆက်လက် သင်ကြားနိုင်ရေး သက်ဆိုင်ရာဝန်ကြီး ဌာနများ  ပေါင်းစပ်ညှိနှိုင်း၍  စီစဉ်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း     လမ်းညွှန်မှာကြားခဲ့သည်။ 

 


သမဝါယမ သက်မွေး ပညာသင်ကျောင်းများ


နိုင်ငံတော်စီမံအုပ်ချုပ်ရေး     ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏  လမ်းညွှန်မှာကြားချက်နှင့် အညီ   သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန  သမဝါယမဦးစီးဌာနအနေဖြင့်   အထက်တန်း ပညာပြီးဆုံးအောင်  သင်ယူရန်   အခက်အခဲရှိသည့် မိသားစုဆင်းရဲနွမ်းပါးသည့်  လူငယ်၊  လူရွယ်များ အား နေရေး၊ စားရေး၊ ပညာသင်ကြားရေး အားလုံး အခမဲ့  စနစ်ဖြင့်  ဘဝရှင်သန်ရပ်တည်ရေး အာမခံ ချက်ပေးနိုင်သည်အထိ       သင်ကြားပေးနိုင်မည့် သမဝါယမ  သက်မွေး          ပညာသင်ကျောင်းများကို ဖွင့်လှစ်နိုင်ရန်     အလေးထားဆောင်ရွက်လျက်ရှိသည်။ 

 


လူငယ်များစီးပွားရေးဆိုင်ရာ     စာရင်းရေး၊ စာရင်းကိုင်နှင့်          ကွန်ပျူတာပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ    တတ်မြောက်ပြီး    အတန်း ကျောင်းပညာရေးကိုပါတစ်ပါတည်း  အခမဲ့သင်ယူ ခွင့်ရမည့်        သမဝါယမ  စာရင်းရေး    စာရင်းကိုင် သက်မွေးပညာ           သင်တန်းကျောင်းများကို  တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး မြို့ကြီးများတွင်   ယခုလာမည့်    ဇွန်    ၁၆    ရက်မှ စတင်ကာ တစ်ပြိုင်တည်းဖွင့်လှစ်တော့မည်  ဖြစ်သည်။ 

 


ရည်ရွယ်ချက်များ


အဆိုပါ ကျောင်းများကို အခြေခံပညာအဋ္ဌမတန်း အောင်မြင်ပြီးသော်လည်း  ပညာဆက်လက်သင်ယူ ရန်အခက်အခဲရှိသူများအတွက်       သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန    သမဝါယမ ဦးစီးဌာနအောက်ရှိ သမဝါယမသင်တန်းကျောင်းနှင့် သမဝါယမကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်း များ ပေါင်းစည်းဖွင့်လှစ်ခြင်းဖြစ်သည်။

 


ထိုသို့ဖွင့်လှစ်ရာတွင်-


(၁)     စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အခြေခံမှစ၍ ကျွမ်းကျင်တတ်မြောက်သည့် လူငယ်စီးပွားရေး       ပညာတတ်များကို မွေးထုတ်ရာတွင်      ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်နေသော သင်ကြားရေးဌာန၊     လူ့စွမ်းအားအရင်း အမြစ်များ  ဖြည့်ဆည်းနိုင်ရန်နှင့် ဒေသခံ လူငယ်များအတွက်     ဆက်လက်ပညာ သင်ယူနိုင်မည့်  အခွင့်အလမ်းများ  ရရှိနိုင် ရန်၊ 
(၂)    ပညာဆက်လက်သင်ယူရန်    အခက်အခဲ ရှိသူများအား   သမဝါယမကဏ္ဍအပါအဝင် စီးပွားရေးအဖွဲ့အစည်းများနှင့်  အစိုးရဌာန များအတွက် စာရင်းရေး၊ စာရင်းကိုင်ပညာ၊ စာရင်းစစ်နှင့် ပတ်သက်၍ အရည်အသွေး ပြည့်ဝသော ကျွမ်းကျင်မှု အာမခံချက်များ ရှိသည့် သင်တန်းသားများအဖြစ် မွေးထုတ် ပေးရန်၊ 
(၃)    စာရင်းရေး၊   စာရင်းကိုင်  သက်မွေးမှုပညာ သင်ယူစေပြီး   အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရန်၊ 
(၄)    သက်မွေးမှုပညာသင်ယူပြီးသော ထူးချွန် သူများကို သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များနှင့်  သမဝါယမကောလိပ် များသို့   ပေါင်းကူး၍     ဆက်လက်ပညာ သင်ယူနိုင်ရန်အတွက်  အခွင့်အလမ်းများ ရရှိနိုင်စေရန်၊
(၅)    Cooperative  Accounting Vocational Training Centre  (CAVT) အဖြစ် ပီပြင်စွာ ဆောင်ရွက်ရန်  စသည့်   ရည်ရွယ်ချက်များ ပါဝင်သည်။

 


ဆက်သွယ်လျှောက်ထားနိုင်


သင်တန်းတက်ရောက်လိုသူများသည် အနည်းဆုံး အခြေခံပညာအဋ္ဌမတန်းအောင်မြင်ပြီးသူ  မည်သူ မဆို
-    သမဝါယမ  စာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း (တောင်ကြီး)
    ဗိုလ်ချုပ်အောင်ဆန်းလမ်း၊      ပြည်တော်သာ ရပ်ကွက်   တောင်ကြီးမြို့    ရှမ်းပြည်နယ်။ ဖုန်း ၀၈၁- ၂၁၂၁၃၂၀ ။
-    သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း (မကွေး)
    မကွေးဘူတာတောင်ဘက်  အောင်မေတ္တာ (ဃ)  ရပ်ကွက်   မြင်းကင်းကျေးရွာအနီး မကွေးမြို့။ ဖုန်း ၀၆၃-၂၀၂၃၁၅၅
-    သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း (ပုသိမ်)
    မြက်တိုလမ်းဆုံအနီး  ပုသိမ်မြို့၊ ဧရာ၀တီ တိုင်းဒေသကြီး။ ဖုန်း ၀၄၂-၂၉၀၀၃ 
-    သမဝါယမစာရင်းရေး  စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း (မော်လမြိုင်)
    အရာတော်လမ်း မောင်ငံရပ် မော်လမြိုင်မြို့ မွန်ပြည်နယ်။ ဖုန်း ၀၅၇ - ၂၇၀၇၈
-    သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း (မန္တလေး)
    အကွက် ၁၇၇၊ ၈၃ လမ်း၊ ၂၅ - ၂၆ လမ်းကြား ပြည်ကြီးကျက်သရေ        အနောက်ရပ်အောင်မြေသာစံမြို့နယ်    မန္တလေးတိုင်း ဒေသကြီး။ ဖုန်း ၀၂-၄၀၃၉၁၄၈
စသည့်      မိမိတို့ဒေသနှင့်       နီးစပ်ရာ သင်တန်းကျောင်းများသို့    ဆက်သွယ်လျှောက်ထား နိုင်မည်ဖြစ်ပြီး    သင်တန်းကာလမှာ    နှစ်နှစ်ကြာမြင့် မည်ဖြစ်ကာ သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား ဦးရေ   ၅၀  မှ  ၁၀၀   အထိ လက်ခံသွားမည်ဖြစ်သည်။ 

 


သင်တန်းတက်ရောက်ခွင့်ရပါက    သင်တန်း ကာလအတွင်း       သင်တန်းသားတစ်ဦးစီအတွက် စားသောက်စရိတ်  တစ်လလျှင် ငွေကျပ် ၅၄၀၀၀ နှုန်း၊ ဝတ်စုံစရိတ် တစ်နှစ်အတွက် ငွေကျပ် ၂၅၀၀၀ နှုန်း၊ အဆောင်နေသူများအတွက် ဖျာနှင့် ခြင်ထောင် များကို   ထောက်ပံ့ပေးမည်ဖြစ်ကာ   နယ်‌‌ဝေးမှ လာရောက်သူများကို  အဆောင်စီစဉ်ပေးမည်ဖြစ်သည်။ 

 


သင်တန်းဆင်းလက်မှတ် (Certificate) ချီးမြှင့်


စာသင်နှစ်ကာလမှာ အခြေခံပညာကျောင်းများ နည်းတူ  ဇွန်လဆန်းမှ ဖေဖော်ဝါရီလအထိ ဖြစ်ပြီး  ပညာသင်နှစ်    တစ်နှစ်အတွင်း     လပတ်စာမေးပွဲ အနည်းဆုံး ခြောက်ကြိမ်  ဖြေဆိုရမည်ဖြစ်သည်။  ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီပြီး  Internship Period ကို အပြည့်အဝဆင်းနိုင်သူ၊ စာမေးပွဲများတွင်  သက်ဆိုင်ရာ ဘာသာရပ်အလိုက် ရမှတ် ၄၀ နှင့် အထက်ရသူများကိုသာ      သင်တန်းဆင်းလက်မှတ် (Certificate) ချီးမြှင့်သွားမည်ဖြစ်သည်။ 

 


သက်မွေးပညာ    သင်တန်းကျောင်းဖြစ်သည့် အတွက်    သင်တန်းကာလအတွင်း     စာတွေ့၊ လက်တွေ့  လုပ်ငန်းခွင်အတွေ့အကြုံကိုပါ တစ်ပါ တည်းရရှိစေရေးအတွက် Internship Period များ ထည့်သွင်း ရေးဆွဲထားပြီး   သမဝါယမအသင်းများနှင့် စီးပွားရေး  အဖွဲ့အစည်းများသို့  အလုပ်သင်အဖြစ် စေလွှတ်ပေး မည်ဖြစ်သည်။ 

 


ထို့ပြင်  သင်တန်းသားများ၏    Internship Period နှင့် သင်တန်းအပြီး  အလုပ်အကိုင်တစ်ပါ တည်းရရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ နှင့်  သမဝါယမအသင်းများကို   ဖိတ်ခေါ်ပြီး   Job Fair  များ  ပြုလုပ်ဆောင်ရွက်မည်ဖြစ်သည်။ 

 


သင်ကြားမည့်ဘာသာရပ်များ


ယခုဖွင့်လှစ်မည့်      သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ     နှစ်နှစ်သင်တန်းကို အပိုင်းနှစ်ပိုင်းခွဲကာ    ပထမနှစ်တွင်     Business Accounting ၊ Fundamentals of ICT ၊ သမဝါယမ ပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များ  သင်ကြားပေးမည်ဖြစ်ပြီး ဒုတိယ နှစ်တွင် Cost Accounting, Financial Accounting, Computerized    Accounting,    Business Organization  and   Management ၊ သမဝါယမ စာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ အင်္ဂလိပ် စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များကို သက် ဆိုင်ရာ ဘာသာရပ်နယ်ပယ်အသီးသီးမှ ကျွမ်းကျင် ဆရာ    ဆရာမများက   သင်ကြားပို့ချသွားမည်ဖြစ် သည်။

 


ထို့နောက် သင်တန်းပြီးဆုံးအောင်မြင်သူများအား သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန  သမဝါယမဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့် သင်ကြားရေးဆိုင်ရာ            ညွှန်ကြားမှုအဖွဲ့မှ သင်တန်းဆင်းလက်မှတ်  (Certificate)    ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။ 

 


ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်း


ထို့ပြင်   သမဝါယမ   စာရင်းရေး   စာရင်းကိုင် သက်မွေးပညာသင်တန်း ပြီးဆုံးအောင်မြင်သူများ အနက် သတ်မှတ်အရည်အချင်း   ပြည့်မီသူများသည် သမဝါယမကောလိပ်များနှင့်    သမဝါယမနှင့်   စီမံ ခန့်ခွဲမှုပညာ     တက္ကသိုလ်များသို့    ပေါင်းကူး၍ ဆက်လက်သင်ကြားနိုင်မည့် အခွင့်အလမ်းများ ရရှိ မည်ဖြစ်သည်။  

 


သင်တန်းဆင်းပြီးပါက  စာရင်းရေး၊ စာရင်းကိုင် ပညာရပ်ကို   အခြေခံကျကျ       သိရှိနားလည် တတ်ကျွမ်းခြင်း၊      ခေတ်မီစီမံခန့်ခွဲမှုပညာနှင့် ကွန်ပျူတာ စာရင်းကိုင်ပညာရပ်များ  တတ်ကျွမ်း ခြင်း၊ အစိုးရအဖွဲ့အစည်းများ၊ သမဝါယမဆိုင်ရာ အဖွဲ့အစည်းများ၊ ပြင်ပအသင်းအဖွဲ့များ၊ လုပ်ငန်း များနှင့် ကုမ္ပဏီများတွင် အလုပ်လျှောက်ထားရာ၌ အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။ 

 


နာမည်ကောင်းဖြင့် ထင်ရှားသည့် ကျောင်းများ


ယခုဖွင့်လှစ်သည့်  သင်တန်းကျောင်းများသည် ယခင်ကတည်းကပင် နာမည်ကောင်းဖြင့် ထင်ရှား သည့် ကျောင်းများဖြစ်ပြီး အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူ၊ စာရင်းရေး၊ စာရင်းကိုင်ပညာရပ် တွင် စိတ်ဝင်စားသူများအား  သုံးလခွဲသင်တန်းများ ဖွင့်လှစ်ကာ   ကျွမ်းကျင်သူအများအပြား   မွေးထုတ် ပေးခဲ့ရာ သင်တန်းကျောင်းများလည်းဖြစ်သည်။

 


နိုင်ငံ၏ စီးပွားရေးကဏ္ဍ နယ်ပယ်အသီးသီးရှိ လုပ်ငန်းခွင်ဝင်ရောက်ကြမည့် လူငယ်များအတွက်  သက်မွေးပညာသင်တန်းကျောင်းများ    နိုင်ငံအနှံ့ ဖွင့်လှစ်ခြင်းသည်   နိုင်ငံအတွက် အားထားရမည့် စွမ်းရည် ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ် များ မွေးထုတ်ပေးနေခြင်းပင် ဖြစ်သည်။

 


သို့ဖြစ်ရာ  စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် သက်မွေးမှုပြုလိုကြသည့် လူငယ်၊ လူရွယ်များသည်  မကြာမီ ဖွင့်လှစ်တော့မည့် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေး   ပညာသင်တန်းကျောင်းများ တွင် တက်ရောက်ပညာသင်ကြားခြင်းဖြင့် မိမိတို့ ဘဝရှင်သန်ရပ်တည်ရေး   အလုပ်အကိုင်အတွက် အာမခံချက် ပေးနိုင်သည့်   သက်မွေးပညာရပ်နှင့်အတူ  အထက်တန်းအဆင့်ပညာရေးမှသည်   အဆင့်မြင့် တက္ကသိုလ်၊ ကောလိပ်ပညာရေးအထိ တက်လှမ်းနိုင် မည်ဖြစ်ရာ ပညာပြည့်ဝပြီး နိုင်ငံအတွက် အားထားရ သည့် လူငယ်များ  အဆိုပါကျောင်းများမှ ပေါ်ထွက် လာတော့မည်ဖြစ်ပါကြောင်း  ရေးသားလိုက်ရပါ သည်။           ။